Part 13

4.5K 644 266
                                    

Unicode~

ဒီ​နေ့သို့ ​ရောက်လာခဲ့ပြီ။

​​စေ့စပ်ပွဲကို မနက်တစ်ပွဲ ညတစ်ပွဲလုပ်လိမ့်မယ်လို့ အားလုံး​က ထင်ထားကြ​​သော်လည်း တကယ်တမ်း ​စေ့စပ်ပွဲက ညခင်းအစီအစဥ်သာရှိသည်။

တရားဝင်လက်ထပ်ပွဲမဟုတ်ဘဲ ကတိက၀တ်ပြုပွဲ​လောက်ပင်ဖြစ်တာ​ကြောင့် အကျဥ်း​လောက်သာ ကျင်းပသည်လား မဆိုတတ်။
သို့​သော် ဒီအကျဥ်းရုံးစေ့စပ်ပွဲဟာ တခြား​သော အ​ခြေခံလူတန်းစားများအတွက် တစ်သက်နှင့်တစ်ကိုယ် ကြုံတောင့်ကြုံခဲအ​​​နေအထားပင်။

ဒီအခမ်းအနားအတွက် လူတိုင်း​ပျော်ရွှင်​ကျေနပ်​နေကြသည်ဟူ၍​တော့ စာ​ရေးသူ အာမ,မခံနိုင်​သေးပါ။

-Lady Phoebe
____

"အနီ​ရောင်၊ ပန်း​ရောင်၊ ခရမ်း​ဖျော့​ရောင်... မမ​လေး ဘယ်ဟာ သ​ဘောကျလဲ"

"အို... Missy အဆင်​​ပြေတာနဲ့သာ ပြင်​ပေးပါ"

Eliza တစ်သက် ဒီ​နေ့​လောက် ဆွတ်ပျံ့ကြည်နူးစရာရက် မကြုံဖူးပါ။ သူ့ရဲ့မိန်းမ​ဖော်​လေး Missyက ဆံထုံးထုံးနည်းအသစ်ဖြင့် သူ့ဆံပင်ကို ထုံးဖွဲ့​ပေးထားသည်။ ဆံပင်​ခွေ​လေးများကို စိတ်ရှည်ရှည်ရစ်​ခွေကာ ထုံးရသည့်ဆံထုံးမျိုးက သူ့​​ခေါင်း​ပေါ်မှာ တင့်တယ်​နေမှာ​ပေါ့။ ​နှင်းဆီပွင့်သဏ္ဌာန်​ရွှေ​ရောင်ဆံထိုးက အရှင်Cambridgeဆီက လက်​ဆောင်ဖြစ်၏။

Missyက နှုတ်ခမ်းသား​ပေါ်တင်ဖို့ဆိုး​ဆေးကို အ​ရောင်​​ရွေးခိုင်းသည်​တွင် Elizaတစ်​ယောက် မ​ဝေခွဲနိုင်​အောင် အ​ရောင်တစ်ခုချင်းကို မျက်စိကျလျက်ရှိသည်။
အလှအပပြုပြင်​ရေးကို စိတ်ဝင်စား​သော Missyက ဒီလိုကုန်ပစ္စည်းများကို ကိုယ်တိုင်ဖန်တီး​လေ့ရှိသူဖြစ်သည်။

"မမ​လေးနဲ့ ပန်းနု​ရောင်က အလိုက်ဆုံးပဲ။ ဒါ​ပေမဲ့ ခရမ်း​ဖျော့​လေးကလည်း ဒီမနက်ကမှရထားတဲ့ အ​ရောင်ဆန်း​​​လေး.."

"Missyကို ယုံတာမို့ လှတယ်ထင်တာနဲ့သာ ပြင်​ပေးပါကွယ်"

Missy ခရမ်း​ဖျော့​ရောင်​​လေးကို ​ရွေးချယ်လိုက်သည်။ ​​ငွေမှင်​​ရောင်တလက်လပ်မျက်နှာ​ချေအမှုန့်ကို ပါးနှစ်ဖက်မှာ အနည်းငယ်ဆီ ခြယ်လိမ်း​ပေးလိုက်၏။ မမ​​လေးက နဂိုအသားဖြူသူမို့ အ​ရောင်အဆင်း သိပ်မ​ရွေးဘဲ အားလုံးနှင့်လိုက်ဖက်သည်။
ဒီညရဲ့ ဇာတ်လိုက်မိန်းမပျို​လေး သိပ်လှ​နေမှာ​တော့ အ​သေအချာပင်။

𝙏𝙝𝙚 𝘿𝙪𝙠𝙚, 𝙏𝙝𝙚 𝙍𝙖𝙠𝙚Where stories live. Discover now