Recommended song - 'Heaven' by Julia Michaels
Unicode~
Happy Ever After
'ပျော်ရွှင်စွာနေထိုင်သွားကြလေသတည်း' ဟု အဆုံးသတ်သော အိပ်ရာဝင်ပုံပြင်တွေ ကြားဖူးကြတယ်မလား။
ထိုပုံပြင်တွေထဲ သည်ဇာတ်လမ်းလေးကိုပါ ထည့်သွင်းစဥ်းစားဖို့လိုလာချေပြီ။အတက်အကျတွေအများကြီးနဲ့ ယောကျ်ားနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းက ပုံပြင်တွေထက်ပင် ပိုလှနိုင်ပါသေးသည်။
စာရေးသူအတွက်တော့ တစ်သက်မမေ့နိုင်စရာပါပဲ။
အခုချိန်ထိ လက်မခံနိုင်တဲ့လူတွေအမြောက်အမြားရှိသည့်ကြားက သူတို့ကြံ့ကြံ့ခံပြီး အချစ်တွေကို တည်ဆောက်နေကြဆဲ။
တန်ဖိုးကြီးလွန်းတဲ့အချစ်ပုံပြင်လေးတစ်ပုဒ်ပေါ့..။
-Lady Phoebe
____Cambridgeကို သူဒုတိယအကြိမ် ရောက်လာပြန်ပါပြီ။ သည်တစ်ခါမှာတော့ သူဟာ တတိယလူဟုတ်မနေပါ။ Jeonလက်ကို ခိုင်ခိုင်တွဲထားနိုင်တဲ့ လက်တွဲဖော်တစ်ယောက်အဖြစ် သူ Cambridgeရဲတိုက်ကြီးကို ခြေချနိုင်ခဲ့ပြီလေ။
ခေတ်အခါအရတော့ လိင်တူလက်ထပ်ခြင်းကို ခွင့်ပြုထားခြင်းမရှိပါ။
အိုး..တော်စမ်းပါ။ ဘုန်းတော်ကြီးကျောင်းက အသိအမှတ်ပြုဖို့ ဒါမှမဟုတ် လိုင်စင်စာချုပ်မှာ လက်မှတ်ထိုးဖို့ လိုအပ်တဲ့ လက်ထပ်ခြင်းမျိုးလား။ ကိုယ်တို့ကြားမှာ ဘာလုပ်ဖို့လိုအပ်နေဦးမှာလဲ။
တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုက အသိအမှတ်ပြုပါမှ တရားဝင်မယ့်လက်ထပ်ခြင်းမျိုးတော့ ကိုယ်တို့ကြားမှာ လိုအပ်မနေပါ။လိင်တူချစ်ခြင်းက သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ ပြစ်မှုတွေထဲ တစ်ခုအပါအဝင်ဆိုပေမယ့် Jeonကတော့ ဘုရင်မကြီးဆီက သက်ညှာမှုရရှိခဲ့သည်။
Cambridgeမှာ တာဝန်ကျေသည်ထက်ပိုစွာ အမှုထမ်းနိုင်ခြင်းကြောင့်လည်း ဤမျှခွင့်လွှတ်ထားခြင်းဖြစ်ပေသည်။"အထဲဝင်လေ ဘာရပ်ကြည့်နေတာလဲ"
"မယုံနိုင်ဖြစ်နေတာ။ ဒီရဲတိုက်ကို နောက်ထပ်တစ်ခါရောက်လာလိမ့်မယ်လို့.."
YOU ARE READING
𝙏𝙝𝙚 𝘿𝙪𝙠𝙚, 𝙏𝙝𝙚 𝙍𝙖𝙠𝙚
Fanfiction"You're the most rakish person I've ever seen" "That's why you're here with me..now" "That's right.I hate you about that but 'm attracted to you at the same time" "All good boys go to heaven but here's a rake who brings heaven to you" Kookv JJK x KT...