Part 16

4.7K 692 252
                                    

Unicode~

လန်ဒန်မြို့​တော်မှာ ​ရာသီဥတု​အေးလျှင် ​ဒါကို ​လေပြည်​အေး​တိုတ်ခတ်​နေသည်တဲ့​​လေ။

Cambridgeမှာ​တော့ ဒါဟာ ​လေနီကြမ်း​တွေ​ပေါ့။လန်ဒန်၏ ​လေထုထက် ပိုရက်စက်သ​ယောင်​ယောင်ထင်ရပြီး အ​ရေပြားကို တစိမ့်စိမ့်တိုက်စားသွားဟန်။

ဒါကို Cambridgeပြည်သူ​တွေက အသားကျ​နေကြပြီ ထင်ပါရဲ့။ ဒါမှမဟုတ် ​လေထုနှင့် ရာသီဥတုပုံမှန်ဖြစ်​နေသမျှ ကိုယ့်စိတ်အ​ခြေအ​နေအရ ရက်စက်သည်ဟု ​ကောက်ချက်ချမိ​နေတာများလား။

ဒါကို​တော့ ကာယကံရှင်ကိုယ်တိုင်ကသာ သိနိုင်လိမ့်မည်။

-Lady Phoebe
____

Cambridgeမှာ ပထမဆုံးနိုးထရတဲ့​နေ့..။

မှန်ပြတင်းမှာ ​ရေစက်​တွေတွဲလဲခိုလျက်ရှိသည်။ ညက မိုးရွာထားလို့လား။ ခရီးပန်းသည့်အရှိန်​ကြောင့် တစ်​ရေးတည်း အိပ်​ပျော်သွားတာပင်။
မြူခိုးများ ရစ်သိုင်း​နေသဖြင့် ပတ်ဝန်းကျင်က ကြည်ကြည်လင်လင်ရှိ​မနေပါ။

ကိုယ်လက်သန့်စင်ပြီး သူ့အခန်းထဲထွက်လာ​​တော့ အိမ်အကူ​လေး​တွေ ဟိုသည်​ဖြတ်သွားတာ​တွေ့ရသည်။ သူ့ကို ​တွေ့​တော့ ​ခေါင်းငုံ့နှုတ်ဆက်သည်။
သူပါ ​ရော​ယောင်ပြီး နှုတ်ဆက်မိသည့်အဖြစ်။

Cambridgeရဲတိုက်၏ ​ပင်မ​လှေကားကြီးဆီ​ရောက်ဖို့ သူ့အခန်းက​နေ ​လျှောက်ရသည့်အကွာအ​ဝေးက Kimအိမ်​တော်မှာ သူ​လျှောက်ရသည့်အကွာအ​ဝေး၏ နှစ်ဆဖြစ်သည်။
ခရုပတ်သဏ္ဌာန်​လှေကားကြီးက​နေ ဆင်းလာပြီး ဘယ်ဘက်တည့်တည့်သွားလျှင် အဆုံးမှာ မီးဖိုး​ချောင်နှင့် ထမင်းစားခန်းကို ​တွေ့ရမည်။

"သခင်​​လေး နိုးလာပြီလား။ သခင်ကြီးက​တော့ ​စော​​စောစီးစီး မြို့ထဲသွားလိုက်ပြီ"

မ​နေ့ညက အ​ဒေါ်ကြီးဖြစ်သည်။ ရဲတိုက်ထဲက တခြားအကူမိန်းက​လေး​တွေနည်းတူ အိမ်​တော်ထိန်းကြီးကလည်း သူ့၀တ်စုံနဲ့သူ ဝတ်ဆင်ထားသည်။

"ဟုတ်လား။ အဲ့​လောက်အ​စောကြီး မြို့ထဲမှာအလုပ်ရှိလို့လား"

"အလုပ်ရှိရှိမရှိရှိသွား​နေကျပဲ သခင်​လေးရဲ့။ သခင်ကြီးက ​နေ့တိုင်း သူ့မြို့အ​ခြေအ​​နေကို ကိုယ်တိုင်စစ်​ဆေးရမှ ​ကျေနပ်တာ​လေ"

𝙏𝙝𝙚 𝘿𝙪𝙠𝙚, 𝙏𝙝𝙚 𝙍𝙖𝙠𝙚Where stories live. Discover now