Part 3

6.4K 790 198
                                    

Unicode~

တစ်​နေရာစီက ​ကောင်​လေးနှစ်​ယောက်။

မြို့တစ်မြို့မှာ ဆုံတယ်.. မိတ်​ဆွေ သို့မဟုတ် ထို့ထက် ပို​ကောင်းပို​နိုင်သည်။

ထုတ်မပြဖြစ်ကြတဲ့ ခံစားချက်​တွေ၊ ဖွင့်​ပြောခွင့်မရှိတဲ့ စကားလုံး​တွေက ရင်ဘတ်ထဲတစ်ဆို့လို့။

သူတို့.. သူတို့​တွေ၏ ​ဝေဖန်မှုဒဏ်၊ အကဲဖြတ်မှုဒဏ်များကို ​စောင့်ကြည့်ငဲ့ကွက်​နေရင်းက ​ကောင်​လေးနှစ်​ယောက်ရဲ့ ဇာတ်လမ်းဟာလည်း တစ်ဝက်မြှုပ်​နေခဲ့​တော့သည်။ 

သိပ်လှသလို သိပ်​ကြေကွဲရတဲ့ ဇာတ်လမ်း​လေး မဟုတ်လား။
​​ယောကျ်ား၊ မိန်းမ နှစ်​ယောက်ရဲ့ ဇာတ်လမ်းသာဆို လိုက်ပြီး ​ကြေကွဲ​နေသူ​တွေ မနည်းရှိပါလိမ့်မည်။

သို့​သော် ဒီဇာတ်လမ်း​လေးမှာ အဓိကဇာတ်​ဆောင်က ​ယောကျ်ားသားနှစ်​ယောက်သာ..။

-Lady Phoebe
____

"ဟင်.. ဒီ​နေ့ သတင်းကြီးကလည်း ဘာကြီးလဲ"

Ellenတစ်​ယောက် မိခင်မသိ​အောင် Lady Phoebeရဲ့ စာ​စောင်ကို ​ချောင်တစ်​ချောင်မှာ ခိုးဖတ်​နေသည်။
သို့​သော် စိတ်ဝင်တစား စပ်စုချင်စရာ သတင်းတစ်ပုဒ်မဟုတ်ဘဲ ဇာတ်လမ်းလိုလို ဝတ္ထုလိုလို စာသား​တွေ​ကြောင့် Ellen နှာ​ခေါင်းရှုံ့မိသွားသည်။

ဒီစာ​စောင်ကို ည​နေ​ခင်းက အ​မေမသိ​အောင် သက်စွန့်ဆံဖျားသွားယူခဲ့ရတာ မတန်လိုက်​လေခြင်း။

လအလင်း​ရောင်က တိမ်​တွေမလှုံ့တ​လှုံဖုံး​နေသည့်ကြားက ဖြာကျလို့​​နေသည်။

အိမ်​နောက်​​​ဖေးမြက်ခင်းပြင်ကျယ်ကြီး​ပေါ်က ဒန်း​လေးမှာ ထိုင်ရင်း ​ဆေးလိပ်တဖွာကို ရှိုက်သည်။
အ​မေသာမြင်ရင် မိန်းက​လေးငယ်​လေးက မအပ်မစပ်​တွေ လုပ်ပါတယ်ဆိုပြီး ကြိမ်တုတ်နှင့် ရိုက်လိမ့်မည်။

"​ဆေးလိပ်​တွေ ခိုး​သောက်​နေတာ အ​မေသိရင် ဆူခံရမယ်​နော်"

အသံ​ကြောင့် Ellen ​တောင့်ခနဲဖြစ်သွားသည်။
သူ့အ​နောက်မှာ ရပ်​နေတဲ့ အစ်ကိုငယ်က တင်းမာ​နေပုံမ​ပေါက်တာ​ကြောင့်သာ သက်ပြင်းချလိုက်ရသည်။
အစ်ကိုကြီးသာဆို အ​​မေ့ကို ပြန်တိုင်မှာ အ​သေအချာ။

𝙏𝙝𝙚 𝘿𝙪𝙠𝙚, 𝙏𝙝𝙚 𝙍𝙖𝙠𝙚Where stories live. Discover now