Part 20

4.9K 691 152
                                    

Unicode~

​တောက်ပ​လေ​လေ ​လောင်ကျွမ်းလွယ်​လေ​လေ..။

လူတစ်​ယောက်ဟာ မိသားစုတစ်ခု၊ အိမ်​တော်တစ်ခုရဲ့ အထင်ကရဖြစ်​​နေရင် သို့မဟုတ် တစ်ဦးတည်းသာလွန်မှု​တွေ များ​နေလျှင် သည်လူ့အပြစ်ကို ရှာ​ဖွေသူ​တွေလည်း များလာလိမ့်မည်။

၎င်းဟာ ​လောင်ကျွမ်းခြင်း၊ ပျက်စီးခြင်း၊ အဖျက်ဆီးခံရခြင်း၏ အစပင်။

မငြိမ်းသတ်နိုင်​​သော မီး​တောက်တစ်ခုကို တစ်စုံတစ်​ယောက်က အစပျိုးလိုက်ပြန်ပါပြီ။
သူတစ်ပါးကို ​လောင်ကျွမ်း​စေရင်း ကိုယ်တိုင်ပါပျက်စီးသွားမည့်အ​ရေး ​တွေးမိမည့်ပုံမ​ပေါ်​ချေ။

-Lady Phoebe
____

"အ​မေ​ရောက်​​နေတာလား"

'ဖြန်း!'

ပါးတစ်ဖက်က နီမြန်းပူထူသွားလျက်..။

မျက်ရည်တ​တောက်​တောက်ကျလာတာကို ခံစားမိသည်။ နာကျင်မှု​ကြောင့်လား၊ ရှက်ရွံ့မှု​ကြောင့်လား မ​ဝေခွဲနိုင်​​သော်လည်း ရင်ဘတ်ထဲဆို့တက်လာတာ​တော့ ​သေချာသည်။

ကိုယ့်ညီမနှစ်​ယောက်အပြင် ကိုယ့်အ​နောက်မှာ Jeon ရှိ​နေသည်။ အနီးနားမှာလည်း အလုပ်လုပ်​နေတဲ့ အိမ်အကူ​တွေ.. သူတို့​​တွေအားလုံး၏ အာရုံက ကိုယ့်ဆီမှာ။ ဘယ်​လောက်​တောင် ရှက်ဖို့​ကောင်းလိုက်သလဲ။
ရှက်လွန်းလို့ ကိုယ့်မျက်နှာကိုယ်ဓါးနဲ့မွှန်းပစ်ချင်သည်။

"အ​မေ.. အခု ဘယ်လိုလုပ်လိုက်တာလဲ"

"မြင်တဲ့အတိုင်းပဲ။ မင်း​​ကြောင့် ငါရှက်လွန်းလို့ ​သေ​တော့မယ် သိရဲ့လား"

"​နေပါဦး.. ဘယ်လိုအပြစ်မှန်းမသိ​​ပေမယ့် Taehyungက ကျွန်​တော့်ဧည့်သည်ပါ.. လူကြားသူကြားထဲ အခုလိုလုပ်တာက​တော့ မဟုတ်​သေးဘူး​လေ"

အ​နောက်မှာ ရပ်ကြည့်​နေတဲ့ Jeonက ဝင်​ပြောသည်။ Jeonက​​တောင် ဝင်​ပြောရတဲ့အထိဆို​တော့ ကိုယ့်အဖြစ်က အ​တော်​လေးရှက်ဖို့​ကောင်းတယ်ထင်ပါရဲ့။
အ​မေဘာလို့ သည်လိုလုပ်ရတာလဲ၊ အပြစ်ကြီးတစ်ခု ကျူးလွန်ထားမိတယ်ထား.. ဒီ​လောက်ထိ သိက္ခါချ အရှက်ခွဲစရာလိုလို့လား။

𝙏𝙝𝙚 𝘿𝙪𝙠𝙚, 𝙏𝙝𝙚 𝙍𝙖𝙠𝙚Where stories live. Discover now