Part 19

4.6K 659 202
                                    

Unicode~

​​ခြေမြန်​တော်တစ်​ယောက် ခပ်သွက်သွက်​ပြေးလို့​နေသည်။

ထိတ်လန့်စရာ သို့တည်းမဟုတ် ထိတ်လန့်စရာ​ကောင်း​​အောင် တမင်ဖန်တီးထား​​သော သတင်းစကားပါးဖို့ရာ အမြန်​​ချောပို့တပ်သား​လေးဟာ အဆင်သင့်ဖြစ်လို့​နေသည်။

လုပ်ကြံဖန်တီးထား​သော သတင်းစကားမှန်းသိသိလျက်နဲ့​တောင် ​ခေါင်းညိတ်ယုံဦးမည့်လူက​လည်း လန်ဒန်မြို့​တော်မှာ အသင့်အ​နေအထား။

​ပေါက်ကွဲ​တော့မည့်အ​ခြေအ​နေ​တစ်ခုအတွက် ဤစာလွှာက ​လောင်စာတစ်ခုဖြစ်သွားနိုင်သည်။
​ဒေါသဟာ​ပေါက်ကွဲထွက်တတ်သလို လျှို့ဝှက်ချက်​တွေဟာလည်း ​ပေါက်ကွဲထွက်တတ်​​ကြောင်း သတိပြုရန်​တော့ လို​ပေမည်။

-Lady Phoebe
____

"Georgeက ပိုးပန်းတယ် ဟုတ်လား။ ပြန်​ပြောစမ်း Kim Taehyung!"

"မဟုတ်ဘူး Jeon. သူ စ​နောက်​နေတာပါ"

"အို.. Eliza နားနဲ့ ဆတ်ဆတ်ကြားလိုက်တာ.. သိလား Cambridge အစ်ကိုငယ်က​​လေ.."

"တိတ်တိတ်​နေစမ်း!"

Jeonက Elizaကို ပိတ်​အော်လိုက်​တော့ Elizaအ​တော်လန့်သွားသည်။ သူ့မိခင်​တောင် သူ့ကို အခုလို မ​အော်ဖူးပါ။ လက်မထပ်ရ​သေးတဲ့ အမျိုးသား​လောင်းက ဘာလို့ သည်လို သူ့အ​ပေါ်ကြမ်းတမ်းနိုင်ရတာလဲ။

"လာစမ်း.. Kim Taehyung!"

"အာ့! Jeon!"

Taehyungရဲ့ လက်​ကောက်ဝတ်ကို အားနဲ့ဆွဲယူ​တော့ ​စွေ့ခနဲပါလာသည်။
Jeon၏ မျက်လုံး​တွေဟာ ​​ဒေါသ​​ကြောင့် နီ​စွေး​နေသ​ယောင် ထင်ရသည်။ Jeon သည်​လောက်ထိ ​ဒေါသထွက်​နေတာကို မမြင်ဖူး​သော သူ့အဖို့ လွန်တရာ​​ကြောက်ဖို့​ကောင်း​နေလျက်။

"ဒီဟာလား ပိုး​ကြေးပန်း​ကြေး​ပေးတဲ့ ပစ္စည်း"

Taehyungကို ဆွဲ​ခေါ်ရင်း စားပွဲ​ပေါ်က သိုး​မွေးထည်ကိုပါ Jeonက လှမ်းယူသည်။

Jeon​ခေါ်ရာ​နောက် တရွတ်တိုက်ပါခဲ့​သော်လည်း ဘယ်​နေရာကို ​ခေါ်​နေမှန်းမသိ။ အရုပ်​​လေးတစ်ရုပ်လိုပါလာပြီး ​ခြေလှမ်း​တွေကို​တောင် ကိုယ်တိုင်စီမံခွင့်မရှိတဲ့အခါ ခလုတ်ကန်သင်းများကို ​ရှောင်ရှားခွင့်မရ၊ ​ခြေထိပ်က အသားနုနု​လေး​တွေမှာ သူ့အလိုလို ​​ပေါက်ပြဲကုန်​တော့သည်။

𝙏𝙝𝙚 𝘿𝙪𝙠𝙚, 𝙏𝙝𝙚 𝙍𝙖𝙠𝙚Where stories live. Discover now