Part 24

4.6K 640 79
                                    

Unicode~

Cambridgeနယ်တစ်ခွင် မြင်းခွာသံ​တွေ အထပ်ထပ်ကြား​နေရသည်။

ထိုအသံ​တွေမှာ ​စိတ်အားထက်သန်ခြင်းအပြင် မျှော်လင့်ခြင်း၊ တမ်းတခြင်း​တွေကလည်း မဆုတ်မနစ်။
ခရီးမနီး​သော်လည်း မြင်းခွာသံ​တွေ လန်ဒန်မြို့​တော်နှင့် နီးစပ်​နေခြင်းမှာ သခင်ဖြစ်သူ၏ နှလုံးသား​ကြောင့် ဖြစ်လိမ့်မယ်ထင်။

နိုင်​နေနှင့်ပြီးသား ကစားပွဲတစ်ခုကို ပြိုင်ဆိုင်​နေရသည်က က​လေး​တော့ဆန်သည်။
ကြီးမြတ်လှပါ​သော အရှင်Cambridgeက​တော့ ဒါ​တွေကို ထည့်မတွက်ဖြစ်​တော့ဘူးထင်ပါရဲ့။

ဟုတ်တာ​ပေါ့.. သူသည်လည်း နှလုံးသားနဲ့ကိုး။

-Lady Phoebe
____

Cambridgeက နယ်အ​တော်ကျယ်သည်မို့ ရွာငယ်​လေး​တွေကို တစ်ခုချင်း အမည်မမှတ်နိုင်ရာ။

တစ်ရက်တည်းနှင့် ရွာနီးချုပ်စပ်နှစ်ရွာသုံးရွာဆက်တိုက်သွားရ​သောအခါ မြင်းနက်ကြီးမှာလည်း အတန်ငယ်ကတ်ချင်လာသည်။ အပြစ်​တော့မဆိုသာ.. သူသည်လည်း အ​သွေးအသားနဲ့ပင်မို့ ပင်ပန်းရှာလိမ့်မည်။

"သခင်ကြီး ဒီ​နေ့​တော့ အိမ်ပြန်နားသင့်ပြီထင်တယ်"

"​နောက်တစ်ရွာ​လောက် သွားဦးမလားလို့"

"ဒီအချိန်သွားရင် ညနက်မှ ပြန်​ရောက်လိမ့်မယ်​နော်။ ရုံး​တွေဂတ်​တွေကလည်း သခင်ကြီးလာမှာမသိ​တော့ ဘာမှအသင့်မပြင်ထားကြဘူး​လေ"

Tom​ပြောတာလည်း မှန်သည်။ တစ်ရွာချင်းစီမှာ အချိန် မကြာသင့်ဘဲ ကြာရသည်မှာ တခြားမဟုတ်.. သူလာမည့်အ​ကြောင်း ကြိုတင်​ကြေးနန်းမရိုက်ထားခြင်း​ကြောင့် ဖြစ်သည်။
သို့ဖြစ်​ပေရာ သက်ဆိုင်ရာတာဝန်ရှိသူများသည် ဘာစာရင်းဇယားကိုမှ အဆင်သင့်ပြင်ထားခြင်းမရှိ​သေးတာ​ကြောင့် ကြာသင့်သည်ထက် ပို၍ကြာ​တော့သည်။

ဆင်စွယ်​ရောင် ​နောက်မြီးရှည်ကုတ်အင်္ကျီ၏ လက်ဖျံစနှင့် သူ့နှဖူးက ​​ချွေးစ​ချွေးန​တွေကို သုတ်ပစ်လိုက်သည်။ ဖုန်တလိမ်းလိမ်းကြား တစ်ရွာနှင့်တစ်ရွာ ကူးသန်းရ​သောကြောင့် သူ့မျက်နှာက ဖုန်စဖုန်နများဟာ အင်္ကျီလက်မှာ ​ပေကျံ​၏။

𝙏𝙝𝙚 𝘿𝙪𝙠𝙚, 𝙏𝙝𝙚 𝙍𝙖𝙠𝙚Where stories live. Discover now