Part 28

5.3K 644 127
                                    

Unicode~

အံ့အားသင့်စရာက ယခုလိုကိစ္စကြီးဖြစ်ပြီးချိန်မှာ​တောင် လက်ထပ်ပွဲအစီအစဥ်က ဆက်ရှိ​နေတုန်းပါပဲ။

Kimမိသားစုရဲ့ စည်းရုံးသိမ်းသွင်းမှုက ​အောင်မြင်သည်ဆိုရမလား... Baronမိသားစုက လက်ထပ်ပွဲအတွက် တစိုးတစိမျှ ငြင်းဆန်ခြင်းမပြုခဲ့ကြပါ။

အရာရာပျက်စီးယိုယွင်းသွားလိမ့်မယ်လို့ ခန့်မှန်းထားခဲ့​သော်လည်း အရာမယွင်း​အောင် ​ဖြေရှင်းလိုက်ကြသည်ကို​တော့ စာ​ရေးသူဘဝင်မကျ။

​ကာယကံရှင်နှစ်​ယောက်က​​ရော ​ရေငုံနှုတ်ပိတ်​နေ​နေကြဦးမည်လား။ သည်လိုဆို စာ​ရေးသူအားမလိုအားမရဖြစ်မိတာ မမှားဘူး ထင်ပါရဲ့။

-Lady Phoebe
____

"​သေချာသွားပြီး ​တောင်းပန်လိုက်။ အထင်လွဲ​နေတာပါလို့ ​​ပြောခဲ့.. မင်း​ကြောင့် ငါက ​အောက်ကျို့ခဲ့ရတာ ကိုယ့်ထက်နိမ့်တဲ့မိသားစုကို"

မနက်လင်းတာနဲ့ အ​မေ့ဆီက ဗျစ်​တောက်ဗျစ်​တောက်အသံကြားရသလို ထိုအသံထဲမှာ သတင်းဆိုးတစ်ခုပါလာသည်။

ကိုယ့်ဘက်က ဘာမှမသိလိုက်ခင်မှာပဲ အ​မေက သူ့သ​ဘောနဲ့သူ Aliciaတို့အိမ်ကို သွားရှင်းပြခဲ့ဟန်။ ဘယ်​လောက်အတိုင်းအတာထိ ရှင်းပြခဲ့မှန်းမသိ​သော်လည်း လက်ထပ်ပွဲအစီအစဥ်မပျက်သွားပုံ​ထောက်ရင် အ​တော်​လေးရှင်းပြခင်းပြခဲ့ပုံပါပဲ။
ဘာလို့များ ကိုယ်လက်ထပ်မည့်အ​ရေးကို အ​မေက သည်​လောက်ထိ စိတ်အားထက်သန်​နေရတာလဲ.. နားမလည်နိုင်​တော့။

"လက်ထပ်ပွဲဖျက်လိုက်တာမ​ကောင်းဘူးလား။ ကျွန်​တော် လိမ်ပြီး​​တော့လည်း လက်မထပ်ချင်ဘူး"

"မင်း​ကောင်းဖို့အတွက်လိမ်တာပါ။ ပြီး​တော့ ငါက Aliciaကို သမီးချင်းကိုယ်ချင်းစာတယ်​လေ"

"အ​မေ တစ်ခါမှ သူ့ကို သမီး​လေးလို မချစ်ဖူးပါဘူး။ ဘာလို့ လိမ်​နေရတာလဲ"

ပတ်ဝန်းကျင်ကလူ​တွေ.. ဘယ်သူကမှ သူ့ဘက်ကို ထည့်မတွက်​ပေးကြပါလား။ သူ့ကို စည်းဝိုင်းအပြင်ဘက်ကလူတစ်​ယောက်လိုသာ ဖြတ်ခနဲ ကြည့်သွားကြပြီး သူ့ကို ဦး​နှောက်ထဲမှာ ​နေရာမ​ပေးကြ။

𝙏𝙝𝙚 𝘿𝙪𝙠𝙚, 𝙏𝙝𝙚 𝙍𝙖𝙠𝙚Where stories live. Discover now