Part 31

6.2K 717 87
                                    

Unicode~

​ဆောင်း​လေတဖြူးဖြူးက အရိုးကွဲ​အောင့် စိမ့်​အေးလို့​နေသည်။

လန်ဒန်မြို့​တော်မှာ ​သိုး​​​မွေးကုန်သည်များ အလုပ်ဖြစ်​သော ကာလပင်။ Cambridgeမှာလည်း ထိုနည်းတူဖြစ်လိမ့်မည်။
ပိုးကြပန်းကြသည့် ၆လတာကာလလည်း ကုန်ဆုံးပြီဖြစ်သည့်အတွက် စာ​ရေးသူမှာ​တော့ အလုပ်မဖြစ်။

အတင်းအဖျင်းသတင်းလည်း နည်းလာပြီ မဟုတ်ပါလား။

ဘာပဲဖြစ်ဖြစ် သည်နှစ်ဖြစ်ရပ်​တွေက ဇာတ်လမ်းတစ်ပုဒ်လို အတက်အကျများခဲ့သည်ကို​တော့ စိတ်ကြိုက်​တွေ့ရပါသည်။

မပြီးဆုံး​သေး​​သော ဇာတ်လမ်း​လေးတစ်ခုကို​တော့ စာ​ရေးသူဟာ ​​ဆောင်းတွင်း​အေး​အေးကြား ​စောင့်ကြည့်​နေဆဲဖြစ်သည်။

​ပျော်ရွှင်စရာအဆုံးသတ်မ​ရောက်မချင်း အဆုံးမသတ်နိုင်​သေးဘူးမဟုတ်လား..။

-Lady Phoebe
____

အရိုးကွဲ​အောင် ချမ်းလှပါသည့် Cambridgeရဲ့ ​ဆောင်းရာသီမှာ ရဲတိုက်အတွင်းက မီးလင်းဖို​တွေကို တစ်ခုမကျန် မီးဖိုထားပါမှ ​တော်ကာကျသည်။

သတ္ကလတ်ကုတ်၊ လည်စည်းပဝါ၊ မြင်းစီးဖိနပ်ရှည်၊ သား​ရေ​ဘောင်းဘီ.. ဒါ​တွေအားလုံးကို တစ်ပြိုင်နက်ဝတ်ထားသည့်တိုင်း အ​အေးဓါတ်က ​လျော့မသွားပါ။

သူဟာ သည်လို ​အေးစက်စက်ရာသီဥတုမှာ Cambridgeရဲတိုက်၏ ​သေနတ်ပစ်ကွင်းထဲ​ရောက်​နေသည်။
ပင်တိုင်​သေနတ်ပစ်​ဖော် Georgeကလည်း သူနဲ့အတူ။
ကိစ္စတချို့ဖြစ်ခဲ့​သော်လည်း ငယ်​ပေါင်း​တွေဖြစ်တာ​ကြောင့် သူတို့နှစ်ဦးအဆင်​ပြေ​ပြေရှိ​နေကြဆဲ။

"မင်း သူ့ကိုရှာ​နေတာ​တော့ ​သေချာ​ပါတယ်​နော်။ နာတာလူးပွဲ​တော်မတိုင်ခင် မ​တွေ့ရင် ကိုယ်တိုင်ပဲရှာ​တော့မယ်"

"Taehyungကိစ္စက မင်းကိစ္စမှမဟုတ်တာ Georgeရယ်"

"မ​ပြောတတ်ဘူး​လေ။ ဒါမှမဟုတ်.. ပြိုင်ရှာမလား။ လျင်သူစားစတမ်း"

"Taehyungက ​လောင်းကစားရုံထဲက ပိုကာချပ်မှ မဟုတ်တာ။ ပြီး​တော့ သူက ကိုယ့်ချစ်သူ။ Sorryပဲ George ကိုယ်က Taehyungကို အပိုင်သိမ်းထားပြီးသား​လေ"

𝙏𝙝𝙚 𝘿𝙪𝙠𝙚, 𝙏𝙝𝙚 𝙍𝙖𝙠𝙚Where stories live. Discover now