Part 11

5.1K 683 226
                                    

Unicode~

ည​ခင်းတစ်ခုမှာ ကိစ္စ​တွေအများကြီးဖြစ်သွားခဲ့သည်။

ဘာမဟုတ်တဲ့ကိစ္စ​လေးပါဟု ထင်မိသမျှ ​နောင်တစ်ချိန်​တော့ ​နောင်တရလိမ့်မည်။
လန်ဒန်မြို့မှာ ဘယ်လူမှု​ရေးကိစ္စကမှ ​ပေါ့​ပေါ့တန်တန်စာရင်းမဝင်ပါ။ ဒီမြို့ကလူ​တွေဟာ သူများတကာ၏ လျှို့ဝှက်အပ်​​သောလူမှုကိစ္စအဝဝကို စိတ်၀င်စားကြပါသည်။

စာ​ရေးသူလည်း ထိုနည်းတူပင်။ သိချင်စိတ်ပြင်းပြခြင်း​ကြောင့်ပဲ ဒီစာ​စောင်မျိုး​ရေး​နေ​သည် မဟုတ်ပါလား။

စာ​ရေးသူအတွက် သူတကာဖုံးကွယ်ထားသည့် လျှို့ဝှက်ချက်​တွေက သ​ဘောကျစရာအ​ကောင်းဆုံးပင်ဖြစ်သည်။

-Lady Phoebe
____

ဒီတစ်ခါ​တော့ Lady Phoebe၏ စာ​စောင်က Taehyungအား စိတ်တုန်လှုပ်​ခြောက်ခြားမှုကို ​ပေးလျက်ရှိ​၏။

ဖြစ်နိုင်လျှင် ညက Aliciaနဲ့အတူရှိခဲ့​သော ကိစ္စကို ဘယ်သူမှမသိတာ​ကောင်းလိမ့်မည်။ ဘယ်သူ့ကိုမှရင်ဖွင့်လို့ရမှာမဟုတ်သလို ဘယ်သူ့ကိုမှ ယုံကြည်လို့ရမှာမဟုတ်​ပေ။
တစ်မြို့လုံးက အ​သေးအဖွဲ့ကိစ္စ စစ်စစ်​ပေါက်​ပေါက်ဟူသမျှကို သိလှပါ​သော Lady Phoebeဆီ​တော့ ဒီသတင်းကြီး မ​ပေါက်ကြားသွားပါ​စေနဲ့။ သူများသိလို့က​တော့ တစ်မြို့လုံးသိသွားရုံသာ ကျန်​တော့သည်။

"အစ်ကိုငယ်.. အစ်ကိုငယ်က Cambridge လိုက်သွားရမှာဆို ဟုတ်လား"

​သူ့ကုတင်​ပေါ်ထိုင်ရင်း ​စောင့်​နေ​သော Ellenဆီက အသံ​။ တစ်အိမ်လုံးနဲ့ အဆင်မ​ပြေဖြစ်​နေ​သော်ငြား Ellenနဲ့​တော့ အဆင်​ပြေ​ပြေရှိ​နေ​သေးသည်။ Taehyungအခန်းထဲကို ​ဝင်ခွင့်ရသူမှာလည်း Ellen တစ်ဦးတည်းပင်။
Taehyungက Ellenကို အ​တော်​လေးချစ်သည်။ ဖြစ်နိုင်လျှင် သူတစ်​ယောက်တည်း တာဝန်ယူပြုစုပျိုး​ထောင်​ပေးချင်တဲ့ သူ့ညီမ​လေးပင်။

"လိုက်သွားရမှာ​ပေါ့"

"ဟင်.. အရမ်းကြာမှာလား"

Ellenက မ​​ကျေနပ်သလို​ပြော​တော့ Taehyungအလိုလိုပြုံးမိသွားပါ၏။ တစ်​ယောက်ကိုတစ်​ယောက်နားအလည်နိုင်ဆုံး ​မောင်နှမ​တွေမဟုတ်ပါလား။ Kimအိမ်​တော်နဲ့ မကိုက်ညီဘူးထင်ခံရသူချင်းအတူတူမို့ Ellenခံစားချက်ကို သိနိုင်ပါသည်။

𝙏𝙝𝙚 𝘿𝙪𝙠𝙚, 𝙏𝙝𝙚 𝙍𝙖𝙠𝙚Where stories live. Discover now