Part 27

5K 648 92
                                    

Unicode~

နန်း​တော်ထဲက အတင်းအဖျင်းဟူသမျှရဲ့ အများစုကို အ​စေခံတန်းလျားက စသည်။

ပါးစပ်မငြိမ်တတ်တဲ့ မိန်းမငယ်​လေးတို့သည် လျှို့ဝှက်ချက်ကို ထိန်းဖို့ရာ ခက်လှပါသည်။
ဘယ်ဝန်ကြီးက ဘယ်သူနဲ့ရှုပ်​နေပြီး ဘယ်အကြီးအကဲက​တော့ဖြင့် ဘယ်​နေရာမှာ ​ငွေ​ကြေးခဝါချ​နေပြီ.. စသဖြင့် ရာထူးအဆင့်ဆင့်က ​ကောလာဟာလများကို ထိုမိန်းမငယ်​လေးများက သိကြသည်။

ယခုအခါတွင်​တော့ စာ​ရေးသူအနည်းငယ် စိတ်ခုသွားမိသည်။ ကိုယ်နှစ်ရှည်လများ ဥထားရတဲ့ သတင်းထူးကြီးကို မိန်းမငယ်တို့က နာရီပိုင်းအတွင်း ဖွင့်ချလိုက်တယ်​​​လေ။

အရှင် Cambridgeနဲ့ သခင်​လေးKimတို့ သတင်းနှင့် ပတ်သက်၍ ဤအ​​စေခံများဟာ ​စာ​​ရေးသူမျက်ခုံး​ပေါ် စင်္ကြန်​လျှောက်လို့ သွားခဲ့သည်။

-Lady Phoebe
____

"Jeon.. အဲ့လို အတင်းအကြပ်မလုပ်နဲ့။ တစ်​ယောက်​ယောက်မြင်သွားရင် ဘယ်လိုလုပ်မလဲ"

"ဂရုမစိုက်ဘူး.. မင်းကမှ ကိုယ့်စကားကို နားမ​ထောင်ဘဲ"

တစ်​ယောက်​ယောက်သာ ထိုလမ်းကြား​လေးထဲ​ရောက်လာရင် သို့မဟုတ် လမ်းကြားကို ဖြတ်သွားရင် ဒါဟာ ပက်ပင်းမိဖို့အ​သေအချာ။
သူတို့နှစ်​ယောက် နန်း​တော်ထဲရှိ​နေဆဲမို့ အရာရာသတိထားသင့်ပါသည်။
အခု​တော့ ကိုယ်ဟာ သူ့ရင်ခွင်ထဲ​ခွေ​ခေါက်လို့..။
တဇွတ်​ထိုးJeonကို ဘယ်လို​ကြောင့်များ သူချစ်မိတာပါလိမ့်။
​သေချာတာ​တော့ ကိုယ်ဟာရိုးရှင်းတဲ့လူ​ကောင်း​​တွေကို စိတ်ကုန်​နေတာဖြစ်လိမ့်မည်။

"အဓိပ္ပါယ်မှမရှိတာ.. အ​ကြောင်းအရင်းမရှိဘဲ လက်ထပ်ပွဲကို ဖျက်ပြီးရင် ကျွန်​တော်ဘယ်မှာ သွား​နေရပါ့မလဲ"

"မင်း သူ့ကို မချစ်တာကိုမှ အ​ကြောင်းအရင်းပဲ​လေ။ မချစ်ဘဲ မင်းက တစ်သက်လုံး​ပေါင်းသင်းမလို့လား။ မဟုတ်မှလွဲ​​ရော မင်းသူ့ကို.."

"​တော်​တော့ Jeon.. ထပ်ပြီး​ပြောမယ်ဆို ကျွန်​တော်တကယ်စိတ်ပျက်ရလိမ့်မယ်"

စကားအဖြစ်သာ ​ပြောလိုက်ခြင်း.. ဘယ်လိုဖြစ်ပြီး Jeonကို စိတ်ကုန်နိုင်မှာတဲ့လဲ။ ကျန်တာဖြစ်​ကောင်းဖြစ်နိုင်​သော်လည်း မချစ်ဖို့​တော့ မဖြစ်နိုင်ဘူး​လေ။

𝙏𝙝𝙚 𝘿𝙪𝙠𝙚, 𝙏𝙝𝙚 𝙍𝙖𝙠𝙚Where stories live. Discover now