Part 23

4.8K 663 115
                                    

Unicode~

ကာယကံရှင်မပါ​သော်လည်း သ​ဘောတူညီမှုနှင့် ကတိတစ်ခုမှာ ဖြစ်သွားပြီးသား။

တစ်လအတွင်းဖြစ်​​စေရမယ်ဆိုတဲ့ ကတိက၀တ်တစ်ခုနှင့် မင်္ဂလာပွဲ။ ဖြစ်လာမည်မဖြစ်လာမည်ထက် ​​ဘေးလူ​တွေက​တော့ အဆင်သင့်ဖြစ်လို့​နေပြီ။

သခင်​လေး၏ မျက်နှာက လန်ဒန်ပြန်​ရောက်လာကတည်းက ညှိုးငယ်လျက်ရှိသည်။ ဤလက်ထပ်ပွဲကလွဲရင် မည်သည့်အရာကမှ သခင်​လေးအတွက် စိတ်ရှုပ်​ထွေးစရာဖြစ်လိမ့်မယ်မထင်။

လက်ထပ်ပွဲတစ်ခုဖြစ်ဖို့ရာ အ​ရေးကြီးအခန်းကဏ္ဍဖြစ်​သော တွယ်တာစုံမက်ခြင်းကို သခင်​လေး​ကျော်ခဲ့ရသည်။
​နောက်ပြန်လှည့်ချင်လို့မရ​တော့။

သူ့ရင်ထဲက အချစ်​စစ်​ဆိုတဲ့ပန်းက​လေးဟာလည်း တိတ်တဆိတ်ပင် ညှိုးနွမ်းသွားရ​တော့မည်။

-Lady Phoebe
____

"ကျွန်​တော် Alicia နဲ့ သီးသန့်​စကား​ပြောချင်လို့ပါ။ ​ခေါ်သွားလို့ရမလား"

"​ခေါ်သွားပါကွယ်.. ရပါတယ်"

လန်ဒန်မှာ ဖြစ်ပျက်သွားသည့်ကိစ္စတို့ကို Aliciaနဲ့ သီးသန့်ရှင်းမှသာ ဖြစ်​ချေ​တော့မည်။ အ​မေတို့ကို တဖွဖွ​မေး​သော်လည်း အကန်စကားချည်းသာထွက်လာသည်မို့ သူလက်​လျှော့လိုက်ရ​တော့သည်။
​နောက်ဆုံး ​မျှော်လင့်ချက်က Alicia. အားနာသော်လည်း၊ ​မေးရမှာ အရှက်မဲ့​သော်လည်း မတတ်နိုင်။
အနည်းဆုံး ကိုယ်လက်ထပ်ရမည့် အ​ကြောင်းအရင်း ဇစ်မြစ်ကို​တော့ ကိုယ်သိထားဖို့ လို​ပေသည်။

Aliciaနဲ့ ​အေး​အေး​ဆေး​ဆေးစကား​ပြောချင်သည် ဖြစ်တာ​ကြောင့် လူရှင်း၍ တိတ်ဆိတ်​သော​နေရာကိုသာ ​ခေါ်ခဲ့သည်။
လန်ဒန်၏ မြို့လယ်​ခေါင်နှင့် ဆင်​ခြေဖုံးရပ်ကွက်တစ်ခုကြားက ကွင်းပြင်ကျယ်ကြီးဖြစ်ပြီး သစ်ပင်ကြီးတစ်ပက် အုပ်အုပ်ဆိုင်းဆိုင်း။
ထိုအပင်၏ နာမည်ကို​တော့ သူတို့နှစ်​ယောက်လုံး မသိ။

အပင်​အောက်မှာ မြင်းနှစ်​ကောင်ကရပ်လိုက်ပြီး လူနှစ်​ယောက်ဆင်းလာသည်။
လန်ဒန်၏ ရာသီဥတုက သည်လို ​နေ့ခင်းပိုင်းဆို ပူစပ်စပ်.. ​လေပူ​တွေက အဆက်မပြတ်တိုက်ခတ်လျက်။ အ​ပေါ်ကုတ်အင်္ကျီရှည်မ၀တ်ခဲ့တာ​ကြောင့် Taehyung၏ ရှပ်အင်္ကျီရှည်ပွပွ​လေးဟာ ​လေပြင်းနှင့်အတူတူ တဖြတ်ဖြတ်လွှင့်လျက်။

𝙏𝙝𝙚 𝘿𝙪𝙠𝙚, 𝙏𝙝𝙚 𝙍𝙖𝙠𝙚Where stories live. Discover now