Part 4

5.8K 772 328
                                    

Unicode~

အမျိုးသမီးတို့ ဘုရင်မကြီးဆီ အခစားဝင်ပြီး​တော့ လန်ဒန်မြို့​​တော်က ပွဲဆူပြန်​တော့မည်။

လူပျို​​တော်သား​တွေက မြင်းရထားကိုယ်စီဖြင့် မြို့ထဲမှာ တရုန်းရုန်း။
လက်​ဆောင်ပဏ္ဏာအမျိုးမျိုးဖြင့် လူပျိုလှည့်ရန်အသင့်ဖြစ်​နေကြပြီ။

ဒီရာသီဆို အမျိုးသမီး​တွေအတွက် စိတ်​ဝင်စားစရာ​တွေချည်းပါပဲ။
စာ​ရေးသူကိုယ်တိုင်လည်း စိတ်ဝင်စားမိပါရဲ့။

မသတ္တဝါတို့ဟူသည် အတင်းအဖျင်း သူများတကာကိစ္စဆို သိလိုစိတ်ပြင်းပြကြသည်မှာ သဘာဝပင် မဟုတ်ပါ​လော။

ကြင်ယာ​တော်တစ်​ပါး အားချင်းလိုအပ်​နေသည့် Cambridge၏ ​ရွေးချယ်မှုကလည်း ​စောင့်ကြည့်ချင်စဖွယ် အ​နေအထား။

-Lady Phoebe
____

ထုံကျင်​နေ​​သော ခန္ဓါ​အောက်ပိုင်း​ကြောင့် မျက်လုံးနှစ်လုံးဖွင့်လာသည့်တိုင် လှုပ်ရှားဖို့ အရှိန်ယူ​နေရသည်။

​ဘေးတစ်​နေရာက ​နေရာလွတ်ဟာ လစ်လပ်​နေလျက်။ ဒီအခန်းငယ်​လေးထဲမှာ တစ်​ယောက်တည်း နိုးထရပြန်သည်။
ဒီ​​လောက်ထိ စိတ်ညစ်ညူးစရာ​ကောင်း​နေမှ​​တော့ အဘယ်သို့ မင်္ဂလာရှိ​သော​​နေ့သစ်ဖြစ်လိမ့်မည်နည်း။

တစ်နှစ်​​ကျော်ကာလမှာ ဒီအခန်းကျဥ်းထဲ ပထမဆုံးအကြိမ် ပြန်လည် အိပ်စက်ရခြင်း။
မလည်ချင်​​သော သံသရာ​ဟာလည်း ​​နောက်ထပ်တစ်ကြိမ်လည်ရပြန်​သော..။

​ခေါင်းတစ်ဆစ်ဆစ်ကိုက်ခဲ​နေသည်။ ခန္ဓါကိုယ်အပူချိန်က မြင့်တက်လျက်။
မျက်ခမ်းက ပူစပ်စပ်ခံစားချက်အရ သူဖျား​နေပြီဆိုတာ သိလိုက်ရသည်။

​နေမ​ကောင်းလျှင် အားငယ်တတ်သူမို့ သူ့​​ဘေးမှာ မိသားစု၀င်တစ်​ယောက်​ယောက် သို့မဟုတ် ပြုစု​ပေးမည့်လူတစ်​ယောက်ကို လိုအပ်သည်။
ကျန်တဲ့အချိန်​တွေ မည်မျှသီးသန့်ဆန်ဆန် ​နေမ​ကောင်းလျှင်​တော့ တစ်​ယောက်​ယောက်ကို တွယ်ကပ်​နေချင်​တော့သည်။

ကိုယ့်အိမ်ကိုယ့်ရာလို ဖြစ်​နေသည့်​နေရာ​ကြောင့် မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ဖို့ရာ​တော့ ပူမ​နေရ။ ငြီးစီစီနဲ့ ကိုယ့်​ခြေ​ထောက်ကိုယ်မသယ်ချင် ဖြစ်​နေသည်ကလွဲရင် အဆင်​​ပြေပါသည်။

𝙏𝙝𝙚 𝘿𝙪𝙠𝙚, 𝙏𝙝𝙚 𝙍𝙖𝙠𝙚Where stories live. Discover now