Part 29

5.6K 704 57
                                    

Unicode~

အချိန်​တွေက ကုန်တာမြန်လွန်းသည်။

ဒီနှစ်ရာသီကလည်း မနှစ်ကလိုပဲ ဇာတ်လမ်းအမျိုးမျိုးနဲ့ စိတ်ဝင်စားစရာ​ကောင်းခဲ့ပါသည်။

၆လတာ လက်ထပ်​ရေးရာသီကြီး ကုန်​တော့မယ်ဆို​တော့ မကြာခင်ပိုးပန်းတဲ့အဆင့်​တွေကုန်ပြီး အတည်တကျ လက်ထပ်ပွဲ​တွေ လာ​တော့မည်။

စာ​ရေးသူနဲ့ စာဖတ်သူတို့ကြား အင်မတန်​ရေပန်းစားခဲ့​သော လက်ထပ်ပွဲနှစ်ခုက​တော့ အလိုလို​နေရင်း ပျက်သွားခဲ့​လေပြီ။

ဘယ်သူ့ကိုမှ အပြစ်မဆိုသာပါ.. အချစ်မရှိတဲ့အိမ်​ထောင်​ရေးဆိုတာ မစခင်က ပျက်စီးတာ အ​ကောင်းဆုံးပါပဲ​လေ..။

-Lady Phoebe
____

ဘုရင်မကြီးကို လူလိမ်လူညာလို့ မစွပ်စွဲရက်​သော်ငြား တစ်ချိန်တည်းမှာပင် သူဟာ Taehyungကို သံသယမဝင်ချင်ပါ။

Taehyungဟာ သူကလွဲပြီး ဘယ်သူနဲ့မှ အိပ်ယာ​ပေါ်ကဆက်ဆံ​ရေးမျိုးရှိလာမှာမဟုတ်ဘူးလို့လည်း တစ်ထစ်ချယုံကြည်ချင်​နေဆဲဖြစ်၏။

လက်မထပ်လို့မရဘူးဆိုပြီး အတင်းစီစဥ်​နေကြတာရဲ့ ​နောက်ကွယ်ကကိစ္စက ဒါလား။ ဒါ​ကြောင့်ပဲ Aliciaကို လက်ထပ်မှဖြစ်မယ်လို့ ဆိုလိုတာလား။
ဘုရင်မကြီးက တစ်မြို့လုံးသိတဲ့ကိစ္စလို့​ပြောလိုက်​ပေမယ့် တစ်မြို့လုံးကို လိုက်​မေး​နေလို့​ကောင်းတဲ့ကိစ္စ​တော့မဟုတ်​ပေ။

ဘယ်လိုအိမ်​တော်ကို ပြန်ရမလဲ။ အိမ်​တော်မှာ Taehyungကို ထားခဲ့တယ်​လေ။ ဘယ်လိုမျက်နှာချင်းဆိုင်ပြီး ဘယ်လိုစကားစ​ပြောရပါ့မလဲ။ အတည်တကျမသိတဲ့ကိစ္စနဲ့ပတ်သက်ပြီး ​သောင်းကျန်းလိုက်ဖို့ရာကလည်း အသိမဲ့လွန်းရာကျသည်။ သည်အတိုင်း​ကျော်သွားလိုက်ရ​အောင်လည်း ကိုယ့်စိတ်ထဲအစိုင်အခဲတစ်ခုစဖြစ်​နေပြီ..ဘယ်လိုမှအဆင်​ပြေနိုင်မှာ မဟုတ်။

"Mr. Owenရှိပါသလား"

"ရှိပါတယ်။ ခဏ​စောင့်​နော် ကျွန်မ​ခေါ်​​ပေးမယ်"

Owenအိမ်​တော်ကို ပထမဆုံး​ရောက်ဖူးခြင်းဖြစ်သည်။ အနုပညာခန်းထဲမှာပဲ ​တွေ့​လေ့​တွေ့ထရှိတာ​ကြောင့် ယခုလို အိမ်​တော်ထဲ​အထိ​​ရောက်လာပြီး စကားစမြည်မ​ပြောဖူးပါ။

𝙏𝙝𝙚 𝘿𝙪𝙠𝙚, 𝙏𝙝𝙚 𝙍𝙖𝙠𝙚Where stories live. Discover now