Part 2

7K 825 195
                                    

Unicode~

လန်ဒန်မြို့​တော်မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်..။

အိုး... ဒီစကားက စာဖတ်သူတိုင်းအတွက် မဟုတ်နိုင်ပါဘူး​လေ​။
မကြာ​သေးခင်က.. အတိအကျ​ပြောရလျှင် မ​နေ့က ပူပူ​နွေး​နွေး လန်ဒန်မြို့​တော်ဆီ ပြန်​​ရောက်လာ​သော The Duke of Cambridge​လေးအတွက်သာ..။

Cambridgeနယ်စား​လေး Jeon JungKookတစ်​ယောက်၏ သတင်းများဟာလည်း ဗြိတိန်တစ်ခွင် ​ကျော်​​​စောလှပါရဲ့။
ဖခင်ဆီက အ​​မွေ၊ အရိုက်အရာများ ဆက်ခံပြီးပြီးချင်း နယ်စားအသစ်သစ်စက်စက်​လေး ကြုံကြိုက်ရမည့် လန်ဒန်မြို့​တော်၏ လက်ထပ်ထိန်းမြား​ရေးရာသီက စိတ်ဝင်စားစရာ။

ထို့အပြင် နယ်စား​လေးဟာ မ​နေ့က ညခင်းမှာ ကပွဲအစား တစ်​နေရာကို အ​ရေးတကြီး သွားခဲ့​​သေးသည်။

ဒီ​နေ့အတွက် စာ​ရေးသူ၏ စိတ်အာရုံအစုံကို ဆွဲ​ဆောင်ဖမ်းစား​နေသည်မှာ The Duke of Cambridge ဧကန်မုချပင်။

-Lady Phoebe
____

"မှတ်မိရဲ့လား"

"မ​တွေ့တာကြာပြီ။ Welcome back Jeon.. အာ.. Cambridgeလို့ ​ခေါ်ရ​တော့မှာပဲ"

"အာ.. Cambridgeလို့ ​ခေါ်တာကို အသားကျမ​နေ​သေးဘူးပဲ"

"အထဲဝင်​လေ"

Owenက သူ့အ​ဆောက်အအုံထဲ ဖိတ်​​ခေါ်သည်။

Owenမိသားစုရဲ့ ဒုတိယသား ဆိုသည်မှာ အသက် ၃၀အရွယ် မျက်ခုံးထူထူ၊ နှာတံထင်းထင်းဖြင့် ကြည့်​ကောင်းသူတစ်ဦးပင်။
ဤမျှ ကြည့်​ကောင်း​နေသည့်တိုင် ထိုသူဟာ ခပ်ရမ်းရမ်းနဲ့ ခပ်​ပွေ​ပွေပုံစံ​ပေါက်​​နေ​ဆဲ။

"လူ​တွေများလာတာပဲ"

"များတာ​ပေါ့.. ဒီလို​နေရာမျိုး လန်ဒန်မြို့မှာ ဒီတစ်​နေရာပဲရှိတယ်​လေ။
Cambridgeမှာ​တောင် ဒီလို​နေရာ ရှိလို့လား"

​ခေါင်းအသာခါပြရင်း Owen​လှမ်း​ပေးတဲ့ ဝိုင်ခွက်ကို ယူလိုက်သည်။

Owenအနုပညာခန်းက လန်ဒန်မြို့​တော်၏ တစ်ခုတည်း​သော ကျားမ တန်းတူညီမျှ အခွင့်အ​ရေးရှိ​သော ​နေရာ။

ထိုအခန်းကြီးထဲဝင်လိုက်သည်နှင့် အနုပညာသည်​တွေက သူတို့လက်ရာကို စိတ်ကြိုက်​ပုံ​ဖော်​နေသည်ကို ​တွေ့ရ​ပေမည်။
ပန်းချီဆွဲသူကဆွဲ၊ ကိုယ်ဟန်ပြသူကပြ၊ ပန်းပုထုသူကထု။

𝙏𝙝𝙚 𝘿𝙪𝙠𝙚, 𝙏𝙝𝙚 𝙍𝙖𝙠𝙚Where stories live. Discover now