Unicode~
သဘာဝအလျောက်ဖြစ်လာသော အကြောင်းပြချက်များ၊ လူလုပ်ဖန်တီးထားသော အကြောင်းပြချက်များ။
သို့မဟုတ် သဘာဝအလျောက်ဖြစ်လာသည်ကို လူက ပြုပြင်ဖန်တီးယူထားသော..။
ဝေးကံပါလျှင် အကြောင်းကံကအလိုလိုဖန်ပြီးသားပင်။
နဂိုကပင် ရှုပ်ထွေးလှသော နှစ်ဦးသား၏ ချစ်ကံကြမ္မာထဲသို့ Baronမျိုးနွယ်မိန်းမပျိုတစ်ယောက် ဝင်ရောက်လာမည်ဟု မည်သူကမှ တွေးထင်ထားမည်မဟုတ်ပါချေ။
ဘဝဇာတ်ခုံပေါ်မှာ ဖြတ်လျှောက်အခန်းကဏ္ဍကပါမည်ဟုသာ သတ်မှတ်ထားသော မိန်းကလေးမှာလည်း တစ်ခါတစ်ရံ ထိုထက်ပိုအရေးပါလာတတ်ပါသည်။
-Lady Phoebe
____Cambridge မြို့စွန်က တည်းခိုဆောင်လေးက မခမ်းမနား။
ပျဥ်ထောင်အိမ်ခပ်ကြီးကြီးကို အခန်းများများဖွဲ့ပြီး ကျောတစ်ခင်းစာ တစ်ညအိပ်စရာအခန်းလေးတွေ။တည်းခိုခန်းပိုင်ရှင်က ဆံပင်ပါးပါးထိပ်ပြောင်ပြောင်နဲ့ အဘိုးကြီးတစ်ယောက်။ ပါးရေ နားရေတွေ တွန့်နေပြီး ခန့်မှန်းခြေ အသက် ၇၀လောက်ဟု ထင်ရသည်။
မျက်မှန်ဝိုင်းဝိုင်းကို တပ်ထားသည့်တိုင် အဘိုးအိုဟာ ပတ်ဝန်းကျင်ကို အားစိုက်ကြည့်နေရဟန်ပါပဲ။
ယခုပင် ကိုယ်တို့နှစ်ယောက်ကို ထိုသို့ကြည့်နေပြန်ပါပြီ။"ဘယ်နှခန်းယူမလဲ"
"တစ်ခန်းတည်းပေးပါ။ နှစ်ယောက်ခန်း"
အဘိုးအိုက ကိုယ့်ကို သိဟန်မတူ။ ဒါကပဲ ပိုပြီးစိတ်အေးစေသည်။ ကိုယ်ဟာ Cambridgeနယ်စားဆိုတာ သိနေရင် နေရခက်စရာပဲမလား။
ကိုယ့်ရာထူးကြောင့်တော့ ဘယ်သူ့ကိုမှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်ပါ။"အထုပ်အပိုးတွေရော"
"မပါဘူး.. နှစ်ယောက်တည်း"
တည်းခိုခန်းဒုတိထပ်၏ ထောင့်ဆုံးအခန်းမှာ သူတို့ကို နေရာချပေးသည်။ အမိုးပါးက နိမ့်နေတာကြောင့် လမ်းကိုပင် မတ်မတ်လျှောက်လို့မရ။
YOU ARE READING
𝙏𝙝𝙚 𝘿𝙪𝙠𝙚, 𝙏𝙝𝙚 𝙍𝙖𝙠𝙚
Fanfiction"You're the most rakish person I've ever seen" "That's why you're here with me..now" "That's right.I hate you about that but 'm attracted to you at the same time" "All good boys go to heaven but here's a rake who brings heaven to you" Kookv JJK x KT...