Part 8

5K 680 230
                                    

Unicode~

သတင်းထူးတစ်ခု လန်ဒန်မြို့​တော်သို့ ​နေ့ချင်းညချင်း ဆိုက်​ရောက်လာသည်။

Cambridgeရဲ့ အရှင်သခင်ဟာ Viscount Kimအိမ်​တော်ရဲ့ သမီးဦး​လေး Elizaကို လက်ထပ်ခွင့်​တောင်းခဲ့​လေပြီ။

နယ်စာကြီး၏ အ​တွေးအ​ခေါ်နှင့် ​ခြေလှမ်းများဟာ စာ​ရေးသူလိုက်မမီနိုင်​အောင်ပင်။
လက်ထပ်​ရေးရာသီကုန်ဖို့ ၅လနီးနီးအချိန်ကျန်ရှိ​​နေ​သေးသည်မို့ ဤမျှ အလျင်လိုလိမ့်မည်ဟု မတွက်ထားခဲ့။

ဒီပုံစံအတိုင်းဆို ဒီနှစ်ရာသီ၏ အကြီးကျယ်ဆုံးလက်ထပ်ပွဲကြီးကို မကြာခင်ကျင်းပ​တော့မည်။ သို့မဟုတ် ​စေ့စပ်​ကြောင်းလမ်းခြင်းကို ဦးစွာလုပ်​ကောင်းလုပ်လိမ့်မည်.. သတို့သမီးမှာ ငယ်လွန်း​သေးသည်မဟုတ်ပါလား။

အတိုင်းအဆမဲ့ခြိမ့်ခြိမ့်သဲသဲဖြစ်လိမ့်မည်မှာ​တော့ ဧကန်မုချပင်။

-Lady Phoebe
____

ည​နေခင်း အိမ်အပြန်မှာ ဒီလိုသတင်းကို ကြားရမည်မှန်းသာ ကြို​တွေးမိခဲ့လျှင် ကုက္ကိုလ်ပင်​အောက်က အနမ်း​တွေကို သူငြင်းဆန်ဖြစ်​အောင် ငြင်းဆန်ခဲ့လိမ့်မည်။

အခုများ​တော့ ထိုအနမ်းများက ​သွေးစိမ်ရှင်ရှင်ထွက်​နေ​သော ဒဏ်ရာကို ​ဆားသိပ်​ပေးရုံအပြင်မ​ပိုခဲ့။

"အရှင် Cambridgeက Elizaကို နား​ဖောက်ခဲ့ပြီ။ သူ Cambridge မပြန်ခင် ​စေ့စပ်သွားချင်တယ်တဲ့"

အဲ့ဒီစကားလုံးကို အ​မေက မြိန်​ရေယှက်​ရေ​​ပြော​နေခဲ့သည်။ Taehyung၏ ဟန်​ဆောင်မချိပြုံးဟူသည်မှာလည်း ရင်တွင်းကလှိုက်လှိုက်လှဲလှဲဖြစ်​နေသမျှ ဒဏ်ရာဟူသမျှကို မဖုံးကွယ်နိုင်​တော့​​​ချေ။

အ​​မေ့ကို စကားတစ်ခွန်း​လောက် ခွန်းတုံ့ပြန်နိုင်ဖို့ရာ ပထမဆုံး သူ့စိတ်ကို တည်ငြိမ်​​အောင်လုပ်ရသည်၊ ထို့​နောက် စကားထစ်မထစ်​သေချာ​အောင် ဆန်းစစ်ရသည်၊ စကားသံမှာပါလာမည့် ရှိုက်သံကို မြိုသိပ်ထားရသည်၊ ​နောက်ဆုံး အရည်လဲ့​နေ​သောမျက်ရည်ကို ခမ်း​ခြောက်​စေရသည်။
ထိုအဆင့်များစွာကို ဖြတ်​ကျော်အပြီးမှာ...

𝙏𝙝𝙚 𝘿𝙪𝙠𝙚, 𝙏𝙝𝙚 𝙍𝙖𝙠𝙚Where stories live. Discover now