Part 25

5.1K 662 70
                                    

Unicode~

The brighter he shines, the sooner he burns..

သိပ်လှပြီး အဆိပ်ပြင်းသလို အမှန်တရား​တွေ ပါဝင်​နေတဲ့ စကားစု​လေးပါပဲ။

လူတစ်​ယောက်သိပ်​တော်​နေလျှင်၊ သိပ်ထင်​​ပေါ်​နေလျှင် ပျက်စီးဖို့ရာအခွင့်အ​ရေးက ပိုများလာတတ်သည်။ စာ​ရေးသူ မကြာခဏ​ပြော​လေ့ရှိ​သော စကား​လေးပါ။

ယခုတစ်ခါ​တော့ဖြင့် ​တောက်ပ​လောင်ကျွမ်းမည့်သူက ကိုယ်တိုင်မီးမြှိုက်စပြုလို့​နေ​လေပြီ။
ဘယ်အချိန်ဘယ်အခါ ​ပေါက်ကွဲ​လောင်မြိုက်မည်မှန်း အတိအကျမသိရ​သော်လည်း တစ်ချိန်ချိန်​တော့ဖြစ်လာလိမ့်မည်။

အရှင်Cambridgeအတွက် စာ​ရေးသူ ကံ​ကောင်းပါ​စေဟူ၍သာ ဆု​တောင်းလိုက်ရပါ​သည်။

-Lady Phoebe
____

အိပ်မက်ထဲမှာ​တော့ သူဟာ မြင်းခွာသံ​တွေကို ကြား​နေရတာပါပဲ။ ​ကျောက်စရစ်လမ်းမ​ပေါ်က ​​ပြေးလွှား​နေတဲ့ မြင်းနက်ကြီး၏ ​ခြေ​​လေးဖက်ကိုလည်း မြင်​နေရသည်။
မြင်းခွာတစ်ချက်​ပေါက်တိုင်း လွှင့်စင်လာတဲ့ ​ကျောက်စ​​ကျောက်န​တွေကြား တိုတိ​နေ​အောင်ဖြတ်ညှပ်ပုံသွင်းထား​သော မြက်ခင်းစိမ်းစိမ်းကို ​တွေ့ရသည်။

လန်ဒန်မြို့​တော်အဝင်လမ်းနဲ့ တူလိုက်တာကွယ်..။

အိပ်မက်ဟာ ကန့်လန့်ကာ​နောက်ကွယ်က ပြဇာတ်လို မနက်ခင်းနှင့်အတူ ပြီးဆုံးသွား​​သောအခါ သူဟာ ​မောဟိုက်၍ နိုးထလာရသည်။
ရင်ဘတ်အစုံကို လက်ဖဝါးဖြင့် ဖိနှိပ်အုပ်ကိုင်ကာ အသက်ရှူမှန်​​အောင် ကြိုးစား​နေရသည်။

အိပ်မက်တစ်ခုပါ.. ဘယ်​တော့မှ ဖြစ်မလာနိုင်တဲ့အိပ်မက်။ သူ့ဆီ Jeon​ရောက်လာဖို့တဲ့လား။ မြင်းနက်ကြီးဟာ သခင်မပါဘဲ လန်ဒန်ထိ​ရောက်လာနိုင်ပါရဲ့။
​သေချာတာ​တော့ Jeonက သူ့ဆီလိုက်လာမှာမဟုတ်။

က​တောက်ကဆ​တွေဖြစ်ပြီး ထားခဲ့သူက သူပဲမဟုတ်လား။ ဘာ​တွေများ အထွန့်တက်ပြီး ​မျှော်လင့်​နေရဦးမှာလဲ။ သည်လို​မျှော်လင့်ချက်​တွေကလည်း သူလက်လှမ်းမမီနိုင်တဲ့​နေရာမှာ။

Jeonသာ ကိုယ့်ကိုစိတ်ဆိုး​နေလျှင် စိတ်ဆိုး​နေသည့်အတိုင်းပဲရှိပါ​စေ​တော့။
အ​ဆောတလျင် ဖြစ်သွားတဲ့ လက်ထပ်ပွဲနှင့်အတူ ကိုယ့်ကိုပါ နာကျည်းပါ​စေ​တော့။ ကိုယ့်ဇစ်မြစ်အဆင့်အတန်းက Jeonနာကျည်းဖို့ရာ​တောင်မတန် နိမ့်ကျလွန်းပါသည်​​လေ။

𝙏𝙝𝙚 𝘿𝙪𝙠𝙚, 𝙏𝙝𝙚 𝙍𝙖𝙠𝙚Where stories live. Discover now