Part 22

4.5K 672 153
                                    

Unicode~

ဘယ်သူက ထင်မှာလဲ... ထိုညက ထိုမိန်းက​လေးနဲ့ နှစ်​ယောက်တည်းရှိခဲ့မယ်လို့။

စာ​ရေးသူကိုယ်တိုင်လည်း သည်အ​ကြောင်းကို သိသိချင်းမှာ အံ့ဩထိတ်လန့်မိတာ အမှန်။
နှစ်ဦးနှစ်ဖက် သိက္ခါကို ထိန်း​သောအားဖြင့် ဆိတ်ဆိတ်​နေသင့်​သော်လည်း Lady Phoebe၏ ​ကောလာဟာလစာ​စောင်မှာ လျှို့​ဝှက်ချက်ဆိုတာ​တွေ မရှိ​စေချင်ပါ။

Baronမျိုးနွယ်မိန်းက​လေးနှင့် Viscountအိမ်​တော်က တစ်စုံတစ်​ယောက်ဟာ တစ်ညတာကို အတူကုန်ဆုံးဖူးသည်မှာ ဧကန်ပင်ဖြစ်သည်။

-Lady Phobe
____

"ချက်ချင်း လန်ဒန်ပြန်လာပြီး Aliciaနဲ့ လက်ထပ်ဖို့ပြင်ပါ"

စာကို ဤသို့စထားပြီး ကျန်သည့်အ​ကြောင်းအရာများကလည်း ဘာကိုမှ ထဲထဲဝင်ဝင်ရှင်းပြထားသည်မရှိ။ Taehyung မည်မျှအသုံးမကျ​​ကြောင်း၊ မည်မျှအရှက်ခွဲ​ကြောင်း၊ မည်သို့မိသားစုသိက္ခါချ​ကြောင်းကိုသာ စီကာပတ်ကုံး ထပ်တလဲလဲ​ရေးဖွဲထားသည်။

ဘာကိုမှ မရှင်းပြထား​သော်လည်း Taehyung အလိုလို သ​ဘော​ပေါက်လိုက်သည်က သူနဲ့ Alicia တစ်ညတာ အတူတူရှိခဲ့သည့်သတင်း​ပေါက်ကြားခြင်းပင် ဖြစ်ရမည်။
ဘယ်သူဆီကလဲ.. ဘယ်သူ့ဆီက ​ပေါက်ကြားတာဖြစ်မလဲ။ Aliciaနဲ့ သူက နှစ်ဦးသ​ဘောတူဇာတ်လမ်းရှင်းပြီးသား​လေ။ ဘယ်သူကများ ကြားထဲက ခ​လောက်ဆန်လိုက်ပြန်ပြီလဲ။

"Taehyung ဘယ်သူ့စာလဲ။ ဘာ​ရေးထားတာလဲ ပြစမ်း"

"ဟင့်အင်း.. မဖတ်နဲ့"

"ကိုယ် သိပ်စိတ်ရှည်​နေတာမဟုတ်ဘူး​​နော်.. ​ပေးစမ်း အဲ့ဒီစာ"

Taehyung ကျစ်ကျစ်ပါ​အောင်ဆုပ်ကိုင်ထား​သော စာရွက်ကို Jeonက အတင်းပင်ဆွဲလု၍ ဖတ်သည်။ စာတစ်​ကြောင်းဆုံးတိုင်း မျက်ခုံးနှစ်ဖက်က ပိုလို့နီးကပ်လာ​လေသည်။

"မင်းက ဘာလို့ Aliciaနဲ့ လက်ထပ်ရမှာလဲ.. ဘာလို့စာကို ဒီလို​ရေးထားရတာလဲ"

"ဟင့်အင်း.. ကျွန်​တော်မသိဘူး။ ကျွန်​တော်သိတာ ကျွန်​တော် လန်ဒန်ပြန်ရမယ်ဆိုတာပဲ"

Taehyung ဝရုန်းသုန်းကားဖြင့် ​လှေကားထစ်​တွေကို ​ကျော်တက်သွားသည်။
မနက်ဖြန်မနက်​​​စော​စော လန်ဒန်ကို ပြန်မှကိုဖြစ်မည်။ Aliciaကို တန်ဖိုးမထား၍ မဟုတ်​သော်ငြား လက်မထပ်နိုင်​သေး။ သည်လို လွန်လွန်ကျူးကျူးအ​ခြေအ​​နေအထိ ထွက်လာ​သော ​ကောလာဟာလကိုလည်း လက်မခံနိုင်ရှိလှသည်။

𝙏𝙝𝙚 𝘿𝙪𝙠𝙚, 𝙏𝙝𝙚 𝙍𝙖𝙠𝙚Where stories live. Discover now