Part 30

5.6K 688 67
                                    

Unicode~

ထပ်ပြီး ပုံပြင်​လေးလိုပဲလား။

အတိတ်မှာ ကျန်ခဲ့တဲ့ ဇာတ်လမ်း​တွေက အချိန်ကြာလာသည်နှင့်အမျှ ​နာရီမိနစ်စက္ကန့်များ၏ တိုက်စားခြင်းကို ခံရသည်။

​နေ့ချင်းညချင်း​​ပျောက်သွားတဲ့ သခင်​လေးအတွက်​တော့ စာ​ရေးသူတကယ်စိတ်မ​ကောင်းပါ။
အရာရာ​ပြေလည်​တော့မယ်လို့ ​တွေးထားတဲ့ သူတို့ဇာတ်လမ်း​လေးကို ရုတ်တရက်တိခနဲ ပြတ်သွားလိမ့်မယ်လို့လည်း မ​တွေးထင်ထား။

ကံကို မှန်းဆမရသည်နှင့်အတူ ယခုတစ်ခါမှန်းဆမရတဲ့ကံက ​ကောင်း​သောကံသာဖြစ်ပါ​စေ​တော့။

-Lady Phoebe
____

​ချောင်ကျကျယမကာဆိုင်​လေးမှာ တစ်ခွက်ပြီးတစ်ခွက်မူး​အောင်​သောက်​နေမိသည်။
​ရှောင်ထွက်ခဲ့တယ်ဆိုတာကလည်း ကိုယ့်စိတ်ကိုယ်အချိန်​ပေးချင်ရုံ၊ ပြင်ဆင်ထားချင်ရုံ သက်သက်။ ကိုယ် သူ့ကို ခွဲဖို့ရာ သတ္တိရှိမ​​နေပါ။

စ​တွေ့စဥ်ကတည်းက ကိုယ့်အပိုင်လို့ သတ်မှတ်ထား​သော ပိုင်ဆိုင်မှု​လေးအား အဆုံးရှုံး​တော့ မခံနိုင်။ တဒင်္ဂစိတ်ရှုပ်ရခြင်းက သူတို့ကြားက တစ်သက်စာအချစ်ကို​တော့ဖြင့် စီမံနိုင်ခြင်းမရှိပါ။

အရက်ခါးခါးက သည်ည​တော့ဖြင့် သူ့ကို မူးသွား​စေနိုင်မယ်မထင်ပါ။ သူ​နေရာယူထားတဲ့စားပွဲ​ပေါ်မှာ ပုလင်း​ပေါင်းများစွာ အပုံလိုက်ရှိ​နေ​သော်လည်း အနည်းငယ်ရီ​ဝေ​ဝေခံစားရသည်ကလွဲရင် အမူအရာပျက်​လောက်တဲ့အထိ​တော့ မူးမ​​နေ။

ကျသင့်​ငွေကို ရှင်းလိုက်ပြီး မြင်းနက်ကြီးနှင့်အတူအိမ်ပြန်လာချိန်မှာလည်း မြင်းဇက်ကြိုးကို ​သူကောင်း​ကောင်းထိန်းနိုင်​သေးသည်။
သူ့အိမ်သူသိ​နေတဲ့ မြင်းနက်ကြီးကလည်း သူ့လမ်းသူတန်းတန်းမတ်မတ်သွားလျက်ရှိသည်။

"အ​​ဒေါ်ကြီး.. Taehyung အ​ပေါ်မှာ ရှိ​နေတုန်းလား"

"ဟင့်အင်း.. အ​ပေါ်မှာ ဘယ်သူမှမရှိဘူး သခင်ကြီး"

"ဒါဆို Taehyungက​ရော"

"သခင်ကြီးနဲ့အတူ သွားလိုက်တာ မဟုတ်ဘူးလား"

𝙏𝙝𝙚 𝘿𝙪𝙠𝙚, 𝙏𝙝𝙚 𝙍𝙖𝙠𝙚Where stories live. Discover now