သူ့နောက်မှာ နီးကပ်စွာ လိုက်လာခဲ့သည့်လက်ထောက်မှာ အနည်းငယ် ပဟေဠိဖြစ်၍နေလေသည်။ သူ Qu Cheng နောက်ကို လိုက်ခဲ့သည်မှာ နှစ်နှစ်ရှိပေပြီ။ ထိုနှစ်နှစ်အတွင်း Qu Cheng က နေ့တိုင်း ထိုလက်စွပ်ကို အကြိမ်ပေါင်းများစွာ ထုတ်ကြည့်ပြီး အမြဲလိုလိုပဲ ဒေါင်းကလေးရဲ့ခေါင်းကို အပြုံးလေးနဲ့ ထိကိုင်ကြည့်လေ့ရှိတာကို သူမြင်တွေခဲ့ရသည်။
ဆိုတော့ မေးချင်တာက 'အဲ့ဒီဒေါင်းကလေးရဲ့ခေါင်းက တကယ်ပဲ အဲ့လောက်တောင် ကိုင်လို့ ကောင်းတာလား?'
15, [Find him in the crowd]
Qu Cheng တံခါးဖွင့်ပြီး အထဲဝင်လာတော့ ပိန်ပါးတဲ့အရိပ်လေးတစ်ခုကို တွေ့လိုက်ရသည်။
ထိုလူက အဖြူရောင်ကော်လံလေးနဲ့ အညိုဖျော့ဖျော့ သိုးမွှေးအင်္ကျီကို ဝတ်ဆင်ထားပြီး သူ့ရဲ့အင်္ကျီလက်မောင်းက သွယ်လျတဲ့ တံတောင်ကို မြင်ရသည်အထိ လျော့ရဲတွဲကျနေပေသည်။ သူ့ခေါင်းက ရှေ့သို့ အနည်းငယ် ယိမ်းနေပြီး သူ့ရှေ့က ကော်ဖီခွက်လေးကို အလေးအနက်ထားကာ မွှေနှောက်နေ၏။
သူ့နောက်မှာက နံရံကပ်မီးအိမ်ရှိတာကြောင့် သူ့ရဲ့ မျက်နှာတစ်ခြမ်းက ကျောက်စိမ်းလို ဖြူစွတ်နေပြီး အနည်းငယ် ကောက်နေတဲ့အညိုရောင် ဆံပင်လေးတွေက နူးနူးညံ့ညံ့လေးနဲ့ ပွယောင်းယောင်းဖြစ်နေတာကြောင့် လူတွေကို ထိကိုင်ချင်အောင်လုပ်နေလေသည်။
ဒီမြင်ကွင်းကို ကြည့်ပြီးတော့ Qu Cheng တစ်ယောက် သူ့စိတ်တို့ ကိုင်လှုပ်ခံရသလိုမျိုး လှုပ်ရှားသွားရသည်။ အကြောင်းမှာ လွန်ခဲ့တဲ့နှစ်နှစ်ကအတိုင်း သူ့ရှေ့မှာ ဒေါင်းကလေး ထိုင်နေခဲ့တာလို့ ထင်လုနီးပါ ဖြစ်သွားလို့ပင်။
ဒီနေ့က ဘာဖြစ်နေတာလဲ? သူ ဘယ်နေရာကိုပဲ ကြည့်ကြည့် လူတိုင်းကို အဲ့ဒီလူသားလို့ပဲ ခံစားနေရတယ်..ဒါတကယ်ပဲ မှော်ပညာများလား?
ထိုအချိန်မှာ Xu Xinnian က သူ့ဘက် လှည့်ကြည့်လာခဲ့သည်။ သူက Qu Cheng ကိုလည်း တွေ့လိုက်ရော သူ့မျက်လုံးတို့က အရောင်တွေလက်သွားခဲ့ပြီး ထို့နောက် သူက ကော်ဖီခွက်လေးကို ချလိုက်ပြီး အပြုံးလေးနဲ့ သူ့ကို နူတ်ဆက်လိုက်သည်။
YOU ARE READING
တန်ပြန် (MM Translation) ZAWGYI
RomanceThis story and pictures are not mine !! All credit to original author and owner!! Author - Yingcheshixue Title - Deliverance of the counterattack