CHAPTER 74

96 19 0
                                    


" နောက်ပိုင်းအစိုးရစနစ်က  အာဏာကိုလက်လွှဲယူပြီး မင်းမျိုးနွယ်တွေ ရာထူးကျသွားပြီးနောက်မှာတော့ အကိုလုံက သူ့ဘဝကို ကယ်တင်ဖို့ အဲ့ဒီစိတ်ခြောက်ခြားဆေးတွေအားလုံးကို ဖျက်ဆီးပစ်လိုက်တယ်...ကိုယ့်ဆီမှာ ကျန်ခဲ့တဲ့ အိတ်သေးသေးလေးတစ်လုံးကလွှဲလို့ပေါ့...အခုထိ လူတွေက ဒီကိစ္စကို သွေးအေးသွားကြပြီး ဂိုဏ်းထဲမှာလည်း ဒီကိစ္စကိုသိတာဆိုလို့ ကိုယ်ပဲ ရှိတယ်လေ"

ရှုစစ်နျန်က တိတ်တဆိတ် နားထောင်နေလေသည်။ သူ့ခေါင်းက နံရံကို အဖိခံထားရပြီး သူ့ကျောက မတ်လာခဲ့၏။ ကြုံတွေ့နေရတဲ့ အိပ်မက်ဆိုးထဲကနေ နောက်ဆုံးတော့ ရုတ်တရက် နိုးထလာနိုင်ခဲ့သလိုမျိုး။

" ..မင်း ဘာလို့ အစောကတည်းက မပြောတာလဲ?"

" ငါ မင်းကို ဂိုဏ်းကိစ္စတွေနဲ့မဆက်နွယ်စေချင်လို့ မပြောချင်ခဲ့ရုံပါ...ဒါပေမယ့် မင်းကတော့ ကိုယ့်ကို ဘလိုင်းကြီး လာရိုက်တယ်နော်...တအားကြီးပွင့်ပွင့်လင်းလင်း မပြောတာကလွဲလို့ ကိုယ်မင်းကို ဝိုးတဝါးတော့ အရိပ်အမြွက်ပြောခဲ့သားပဲ...ကိုယ် မင်းကိုတော့ အနာဂတ်မှာ တစ်ခုခု ထပ်ဖြစ်ခွင့်ပြုမှာမဟုတ်ဘူး"

ချွီချန်က သူ့မျက်နှာကို စစ်နျန်ရဲ့လည်ပင်းမှာ မြှုတ်ထားလေပြီး သူ့နူတ်ခမ်းမှာတော့ ဖျော့တော့တော့ အပြုံးလေးတစ်ခု တွဲခိုနေခဲ့၏။ သူက အသံတိုးတိုးလေးနဲ့ စစ်နျန်ကို ချော့မော့ပြောဆိုနေပြီး သူ့ရဲ့လက်ချောင်းလေးတွေက စစ်နျန်ရဲ့ နားရွက်လေးတွေကို ခပ်ဖွဖွ ထိတွေ့နေလျက်၊ သူ့ရှေ့မှာ ရပ်တည်နေတဲ့ မတ်စောက်စောက် တောင်တန်းကြီးကဲ့သို့ပင် သူ့ကို လေဒဏ်၊မိုးဒဏ်ကနေ ကာကွယ်ပေးထားသကဲ့သ်ု့ပင်။

ရှုစစ်နျန် စိတ်သက်သာရာရမှုကြောင့် သက်မချလိုက်ပြီး နောက်ပြန်လှည့်ကြည့်လာခဲ့သည်။ သူ့မျက်လုံးတွေက နီရဲနေသေးဆဲဖြစ်ပြီး သူ့ကြည့်ရတာ အလွန်အမင်း ရှက်ရွံ့နေသည့်ပုံပင်။

သူက စကားတစ်ခွန်းမှ မပြောဘဲ လက်ကို မြှောက်ကာ ချွီချန်ရဲ့ ဒဏ်ရာရနေတဲ့ ပါးကို ထိတွေ့လိုက်လေသည်။

ချွီချန်က နံရံပေါ် ထောက်ထားတဲ့ သူ့လက်တစ်ဖက်ကို ကွေးလိုက်ပြီး သူ့ကိုယ်ကို အရှေ့သို့ နီးကပ်အောင်တိုးလျက် စစ်နျန်ကို ငုံကြည့်လေသည်။ သူ့မျက်လုံးတွေထဲမှာတော့ အတိုင်းမသိသော အလိုလိုက်မှုတို့ ရောယှက်နေလေသည်။

တန်ပြန် (MM Translation) ZAWGYIWhere stories live. Discover now