CHAPTER 47

128 25 1
                                    

ပြောရင်းနဲ့ ချွီချန်တစ်ယောက် ထိုင်ခုံကို ထပ်တွန်းလိုက်ပြီး သူ့လက်တွေကတော့ ရှုစစ်နျန်ရဲ့ တင်ပါးဆီသို့ ရောက်ရှိသွားလေသည်။

နူးညံ့တဲ့ အသားတုံးလေးနှစ်တုံးက ရုတ်တရက်ဆိုသလို ချွီချန့် လက်ဖဝါးနှစ်ဖက်ရဲ့ ဝန်းရံခြင်းခံလိုက်ရလေသည်။ ချွီချန်က ထိုဆူဖြိုးဖြိုးအသားတုံးလေးကို ဆတ်ခနဲတစ်ချက် ရိုက်လိုက်သည်။ ထိုမက်မန်းသီးတွေနဲ့ သူ့လက်ဖဝါးကြားမှာ ဘောင်းဘီပါးပါးလေး ခြားထားသေးတာတောင် ချွီချန်က ထိုပြည်ကြီးငါးရဲ့ ချောမွတ်တဲ့ အသားအရေကို ခံစားမိတုန်းပင်။

ရှုစစ်နျန်ရဲ့ ဆံပင်တို့ ထောင်တက်သွားပြီး ဒေါသတို့ ပေါက်ကွဲထွက်စွာကြိတ်မနိုင်ခဲမရနဲ့ သူ့ဘက်သို့ လှည့်လာတော့၏။

" လခွမ်း..မင်းဘာလုပ်နေတာလဲဟ!"

ချွီချန်တစ်ယောက် မျက်ရည်မကျဘဲ ငိုချချင်သွားသည်။

" မင်းကို ကူညီနေတာလွဲလို့ ဘာလုပ်ရဦးမှာလဲကွာ? ဘယ်လို..လဲ?"

သူက စကားပြန်ပြောရင်းနဲ့ သူ့လက်တွေက ရှုစစ်နျန်ရဲ့ ခါးဆီ ရောက်လို့သွားပြန်သည်။ ထိုနေရာက ရှုစစ်နျန်ရဲ့ ထိရှမခံရပ်ဝန်းလေးဖြစ်ချေသည်။ သူက ထိုနေရာသို့ အထိခံရတိုင်း အမြဲလိုလို ယားယံတတ်သည်။ ဒီအချိန်မှာ ချွီချန်ရဲ့ ပူပြင်းလှတဲ့ လက်ကြီးကြီးနှစ်ဖက်က ရှုစစ်နျန်ကို ထိတ်လန့်စေသည်။ ရှုစစ်နျန်တစ်ယောက် ဘယ်ညာလှုပ်ရမ်းလိုက်ပြီး

" ဘယ်နေရာမှာမှ ကူညီဖို့မလိုဘူး..ခင်ဗျား ကျွန်တော့်ကို လွှတ်သာ ထားစမ်းပါဗျာ!"

" အင်းပါ..ကိုယ်လွှတ်ပီနော် "

ချွီချန်က သူ့လက်ကိုတော့ နာခံမှုရှိစွာ လွှတ်လိုက်ပါသည်။ သို့သော် သူက အင်မတန်အားတက်သရောနဲ့ ထိုင်ခုံခြေထောက်ကိုလည်း ကန်ထည့်လေသည်။

ထိုင်ခုံက ရုတ်ချည်းဆိုသလို ယိုင်နဲ့သွားပြီး ရှုစစ်နျန်တစ်ယောက် အကာအအကွယ်မဲ့လျက် သူ့မျှချေကလည်း ယိမ်းယိုင်လို့သွားရကာ ရုတ်တရက်ဆိုသလို သူက နောက်ပြန်လဲကျသွားရတော့သည်။ ချွီချန်က သူ့ကို ဖမ်းပွေ့ချင်ခဲ့တာ ဖြစ်သည်။ သို့သော် သူက ရှုစစ်နျန်ရဲ့ တံတောင်နဲ့ ပြင်းထန်စွာ အရိုက်ခံလိုက်ရပြီး သူ့ခြေထောက်က ဆပ်ပြာရေကို နင်းမိလေသည်။ သူက ဒီအတိုင်း ဟာမိုနီလိုက်ကာ အခွင့်အရေးယူမလို့ပေမယ့် ချော်သွားရပြီး ရှုစစ်နျန်ကို ထိန်းကိုင်လျက်သား ကြမ်းပြင်ပေါ် လှဲကျသွားတော့သည်။

တန်ပြန် (MM Translation) ZAWGYIWhere stories live. Discover now