CHAPTER 29

140 22 0
                                    


, 19 [Aspirational]

ည ၁၁ နာရီထိုးပြီးသည့်အချိန်မှာတော့ အပြင်ဘက်မှာ မိုးက စတင် ရွာချပါတော့သည်။

ဆောင်းဦးနှောင်းပိုင်းမှာ ရွာတဲ့ မိုးတွေက သိပ်မသည်းပါဘူး။ ဒါပေမယ့် ဘယ်တော့မှလည်း ချက်ချင်း မရပ်လေဘူး။ လေအေးတွေရောစက်နေတဲ့ မိုးရစက်တွေက ပြတင်းပေါက်ကို တတောက်တောက်နဲ့ ထိမှန်နေလေပြီး အပူချိန်က သိသိသာသာကို ထိုးကျသွားတော့၏။

ရှုစစ်နျန် က ပြတင်းပေါက်နားမှာ ဖုန်းကိုင်ထားရင်း စိုးရိမ်တကြီးနဲ့ မတ်တပ်ရပ်နေလေသည်။ အခု တအားနောက်ကျနေတာတောင် လျိုရှောင်းမောင် က ပြန်မလာခဲ့သေးပါ။ ရာသီဥတုက တအားအေးလွန်းပြီး ထိုကောင်လေးက ညအိပ်ဝတ်စုံပါးလေးသာ ဝတ်သွားသည်။ သူအအေးမိရင် ဘယ်လို လုပ်မလဲ!

သူ တောက်လျှောက် ဖုန်းခေါ်နေခဲ့ပါသော်လည်း ဘယ်သူကမှ ပြန်မဖြေကြားခဲ့ပါ။ လျိုရှောင်းမောင် အခုလိုမျိုး ပြန်မလာတဲ့ အကြောင်းအရင်းက ချွီချန် ကို ရှောင်ချင်လို့မှန်း သူ အကြမ်းဖျင်းတော့ ခန့်မှန်းမိပါသည်။ သို့သော် ဒီလောက်မိုးရွာနေတာတောင် အဲ့ဒီကောင်က အိမ်ကို ပြန်မလာခဲ့လေဘူး။

သူ့စိတ်ထဲကနေ တွေးရင်းတွေးရင်နဲ့ သူက ပိုပြီးတောင် မသက်မသာ ဖြစ်လာရပြီး မီးဖိုချောင်တံခါးကို ဖွင့်ကာ ဧည့်ခန်းသို့ ထွက်လာတော့၏။

ဒီအချိန်မှာ ချွီချန် က ဧည့်ခန်းထဲမှာ wowo လေးကို ပုံပြင် ပြောပြနေတာ ဖြစ်သည်။ ကောင်ငယ်လေးရဲ့ မျက်လုံးတို့က တစ်ဝက်မှေးကျနေပြီး သူ့ခေါင်းသေးသေးလေးက အပေါ်အောက် ယိမ်းခါနေလျက် သူ့လက်ချောင်းတွေကလည်း ချွီချန် လက်မောင်းကို ဆုပ်ကိုင်ထားပြီး အချိန်မရွေး အိပ်ပျော်မယ့်ပုံ ပေါ်နေလေသည်။

" မင်းသားလေးက သူ့ချစ်လှစွာသော မင်းသမီးလေးကို ကယ်တင်ဖို့ ဓားကိုင်ပြီး ကြီးမားတဲ့ နဂါးကြီးကို စီးလာနေတယ် "

" ခဏ..ခဏလေး..မင်းသားတွေ အားလုံးက မြင်းဖြူစီးတာ မဟုတ်ဘူးလား? "

wowo လေးက သူ့မျက်လုံးလေးတွေ မဖွင့်နိုင်တော့သည်အထိ တအားအိပ်ချင်နေပါသော်လည်း သူက ပုံပြင်ကို ကြိုးစားပြီး နားထောင်နေလေသည်။

တန်ပြန် (MM Translation) ZAWGYIWhere stories live. Discover now