CHAPTER 75

111 20 1
                                    

ရှုရှင်းနျန်ဆိုသည်မှာ ဆယ်နှစ်ကျော်ကြာ သခင်ငယ်လေးတစ်ယောက်ဖြစ်ခဲ့သူ ဖြစ်၏။ သို့သော် ဒီလို ရိုမက်တစ်ဆန်ဆန်မြင်ကွင်းကိုတော့ သူ အခုချိန်ထိ မမြင်တွေ့ဖူးလေဘူး။ အချိန်တစ်ခုကြာသည်အထိ သူ့ခေါင်းထဲ ဗလာဖြစ်လို့နေပြီး သူကိုယ်တိုင် သေချာကျင့်ယူထားတဲ့ အပြုံးနဲ့ ပြုံးပြဖို့တောင် မေ့သွားခဲ့လေသည်။ သူက မသိနားမလည်ခြင်းများဖြင့်သာ ဝိတ်တာရဲ့နောက်ကနေ လိုက်လာရုံသာ တတ်နိုင်လေသည်။

နှင်းဆီပန်းတွေနဲ့ အလှဆင်ထားတဲ့ အဖြူရောင် တံခါးချပ်ကို သူ တွန်းဖွင့်လိုက်ချိန်မှာတော့ တစ်ချက်ဝေ့ဝဲကြည့်ရုံနဲ့တင် စားပွဲပေါ်မှာ ထိုင်နေတဲ့ ချွီချန်ကို တွေ့လိုက်ရသည်။

ဖယောက်တိုင်မီးတောက်လေးက သီးသန့်ခန်းထဲမှာ လှုပ်ခါယိမ်းနွဲ့လို့နေပြီး၊ ချွီချန်ရဲ့ ဓားကဲ့သို့ ထက်ရှကာ တည်ကြည်နေတဲ့ မျက်နှာပေါ် ေရာင်ပြန်ဟပ်နေလေသည်။ သူက လှုပ်ရှားသံကြားလိုက်တာကြောင့် သူ့ခေါင်းကို လှည့်လာခဲ့၏။ ရှုရှင်းနျန်ကို မြင်သည်နဲ့ သူက ရုတ်တရက်ထရပ်လိုက်ပြီး ပြုံးပြလာခဲ့ပြီး

" ရှုနယူးရီးယား...နောက်ဆုံးတော့ မင်းရောက်လာခဲ့ပြီပဲ"

ချွီချန်က သူနဲ့ကွက်တိချုပ်ထားတဲ့ အနက်ရောင်suit နဲ့ သူ့တစ်ကိုယ်လုံးက သေသပ်ချောမောနေကာ၊ သူ့မျက်ခုံးတို့က နူးညံ့ပြေလျော့နေလျက်

" ဒီ လာမထိုင်ဘဲ ဘာကြောင်ရပ်နေတာလဲ?"

ထိုအချိန်တွင်မှ ရှုရှင်းနျန်မှာ အသိဝင်လာရ၏။ သူက ချွီချန်ရဲ့ အပြုံးကို ကြည့်ကာ ရုတ်တရက်ဆိသလို အသိစိတ်ပျောက်ဆုံးသွားမတတ် ခံစားလိုက်ရပြီး သူ့နားရွက်ဖျားများမှာလည်း ပူလောင်လာရသည်။

" အကိုကြီးချန်..ဒါက...ဒီမှာ ဘာတွေ ဖြစ်နေတာလဲ?"

" မင်း ကြိုက်ရဲ့လား?"

ချွီချန်က စားပွဲဆီသို့ သူ့ကို ဆွဲခေါ်လိုက်ပြီး လူကြီးလူကောင်းတစ်ယာက်အမူအယာဖြင့် သူထိုင်စေဖို့ ထိုင်ခုံကို ဖယ်ပေးလိုက်သည်။

" မင်းက လူတွေ ကြည့်တာ မခံချင်သေးဘူးလို့ ကိုယ်ထင်တယ်လေ...ဒါကြောင့် မနေ့က မင်းနဲ့တွေ့ဖို့ ဆုံးဖြတ်လိုက်ကတည်းက ဒီစားသောက်ဆိုင်တစ်ဆိုင်လုံးကို ကိုယ်အပြတ်ငှားလိုက်တာလေ...အခု တစ်ဆိုင်လုံးမှာမှ ကိုယ်တို့နှစ်ယောက်ပဲ ရှိတယ်..ထပ်ပြီးတော့ မင်း မသက်မသာခံစားစရာမလိုတော့ဘူး"

တန်ပြန် (MM Translation) ZAWGYIWhere stories live. Discover now