CHAPTER 76

110 19 2
                                    

ထိုမှတ်မှတ်ရရစကားတွေက ချွီချန်ကို တိုက်ရိုက်ဆိုသလိုရယ်မောစေလေသည်။ အကယ်၍ အချိန်အခါသင့်နေရင်၊ ဒေါင်းကလေးရဲ့ညွှန်ကြားမှုကြောင့်သာဟုတ်မနေရင် သူ အသံထွက် အော်ရယ်မောမိလိမ့်မည်ပင်။

' မြွေအသည်းနှလုံး' နဲ့လူတွေက 'ဆိုးတယ်'ဆိုတဲ့စကားလုံးကို ဘယ်လိုရေးရမလဲဆိုတာ အစကတည်းက နားလည်နေသည်ပဲ။

သူက နူတ်ခမ်းတို့ တွန့်ကွေးနေလေသည်။ အချိန်အတော်ကြာပြီးချိန်မှာတော့ ချွီချန်က တစ်ခုခုကို ဆုံးဖြတ်ချက်ချပြီးသွားပုံပေါ်ကာ လေးနက်စွာ မေးမြန်းလာခဲ့၏။

" နယူးရီးယား တခြားကိစ္စတွေနဲ့ပတ်သက်လို့တော့ ကိုယ်ဘာမှမပြောချင်ပါဘူး..ဒါပေမယ့် အဲ့ဒီလိုဆေးသမားမျိုးက မင်းနဲ့ ထိုက်တန်တဲ့ကောင်မဟုတ်ဘူး ..မင်းက ပိုပြီးတောင် ဆွဲဆောင်မှုရှိသေးတယ်...မင်း အဲ့ဒီလိုဆန်ကုန်မြေလေးကောင်နဲ့ အထင်မှားအစွပ်စွဲခံနေမယ့်အစား ရဲစခန်းကို သွားသင့်တယ်"

ရှုရှင်းနျန် ထိုစကားကို ကြားပြီတော့ ချက်ချင်းဆိုသလို အံ့သြမှင်တက်သွားပြီး

" ခဏ..ခဏလေး!  အကိုပြောတာက တုန်ဖန်းက...ဆေးစွဲနေတယ် ? ! "

" sorry ကွာ ..ကိုယ် မင်းရှေ့မှာ ဒီလိုစကားမျိုး မပြောလိုက်သင့်ဘူး..ကိုယ်ပြောတဲ့စကားတွေအားလုံးကို မရှိဘူးလို့ သဘောထားပေးပါ...စားစရာတွေတောင် အေးကုန်တော့မှာပဲ...ကိုယ်တို့ စားကြတော့မလား?"

ချွီချန်က ထိုစကားကို ပြောလိုက်မိလို့ နောင်တရပုံပေါ်နေပြီး တမင်တကာပင် စကားလမ်းကြောင်းလွှဲလေသည်။ ဒါပေမယ့် ရှုရှင်းနျန်ကတော့ သူ့ဘက်ကို ဖမ်းဆုပ်ကာ စိတ်အားထက်သန်စွာ မေးမြန်းလာခဲ့၏။

" အကိုကြီးချန်.. ဘာတွေဖြစ်နေတာလဲ!? အကို ကျွန်တော့ကို လိမ်တယ်..အကို တစ်ခုခုတော့ သိထားရမယ် ဟုတ်တယ်မလား? မဟုတ်ရင် အကို ဒီလိုပြောမှာမဟုတ်ဘူး!"

ချွီချန်က တမင်ပင် တခြားသို့ အကြည့်လွှဲနေပြီး ခေါင်းရမ်းလာခဲ့၏။

" ဒီအကြောင်းကို ဆက်မမေးနဲ့တော့! စားကြစို့လေ! မကောင်းတဲ့အကြောင်းတွေကို မင်းသိတာနည်းလေလေ မင်းအတွက်ပိုကောင်းလေလေပဲလေ"

တန်ပြန် (MM Translation) ZAWGYIWhere stories live. Discover now