" ကိုယ့်ဘာသာ လုပ်လိုက်မယ်လေ"
သဘာဝမကျမှုတွေက ရှုစစ်နျန်ရဲ့မျက်နှာပေါ်ဖြတ်ပြေးသွားခဲ့ပြီး သူက သဘက်ကို ယူဖို့ လက်လှမ်းလိုက်၏။ ချွီချန်က အလင်းအလျင်နဲ့ ရှုစစ်နျန်ရဲ့လက်ကို ဖမ်းကိုင်လိုက်ပြီး ရှုစစ်နျန်ရဲ့လက်ချောင်းကြားကို သူ့လက်ချောင်းတွေနဲ့ တိုးဝင်ကာ လက်နှစ်ဖက်ကို အတူတူတွယ်ယှက်က်ကာ တစ်သားတည်းကျစေသည်။
" ဒေါင်းကလေး...ကိုယ်တို့က အတူတူရှိနေကြပြီမဟုတ်ဘူးလား? မင်းဆံပင်ကိုသုတ်ပေးတာလေးတောင် ကိုယ်လုပ်ပေးလို့မရဘူးလား?"
"..."
ရှုစစ်နျန်တစ်ယောက် မှင်တက်သွားခဲ့ပြီး ထပ်ပြီး ဘာစကားမှ မပြောလေတော့ဘူး။ ဒါပေမယ့် သူ့လက်ကိုလည်း ပြန်ဆွဲမထုတ်ခဲ့ဘူး။
ချွီချန်က ပြုံးလိုက်ပြီး ရှုစစ်နျန်ရဲ့ဆံပင်ဆီမှ အစိုဓာတ်တို့ ကုန်ခမ်းစေရန် တာဝါကိုသုံးကာ သုတ်ပေးနေလေသည်။ ထို့နောက် သူ့ခေါင်းကို ငုံ့လိုက်ပြီး ရှုစစ်နျန်ရဲ့ နဖူးဆီ အနမ်းခြွေလိုက်၏။
ရှုစစ်နျန် သူ့စိတ်ကို လျှော့ချလိုက်ပြီး သူ့မျက်လုံးတို့ကို မှိတ်ကာ ချွီချန်ဆီသို့ ယိမ်းကာ မှီချလိုက်လေသည်။ သူ့နူတ်ခမ်းမှာတော့ အပြုံးတို့ တွဲခေါ်နေခဲ့သည်။အချိန်တွေ ဘယ်လောက်ကြာသွားလည်း သူမသိဘူး။ သူ့ဆံပင်တွေက ခြောက်သွေ့လုနီးနီးဖြစ်နေလေပြီ။ ထိုအချိန်မှာ ရှုစစ်နျန်က ရုတ်တရက် စကားစလိုက်၏။
" ကျွန်တော် ကလေးတုန်းက မေမေက ကျွန်တော့်ဆံပင်ကို အခုလိုမျိုး သုတ်ပေးရတာကြိုက်တယ်လေ...ဒါပေမယ့် ဖေဖေက သူမကိုလှည့်စားပြီး ရှုရှင်းနျန်ကို မွေးခဲ့တာလည်းသိရော သူမရဲ့စိတ်က ပုံမှန်မဟုတ်တော့ဘဲ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘူး.."
ချွီချန်က မှင်တက်သွားခဲ့သည်။ ဒါက ရှုစစ်နျန်ရဲ့ဘဝဇာတ်ကြောင်းကို နာထောင်ဖို့ အစပြုလိုက်တာ ပထမဆုံးအကြိမ်ပင်ဖြစ်၏။ ရှုစစ်နျန်က ရှုမိသားစုရဲ့အကြီးဆုံးသခင်လေးမှန်း သူသိနေတာတောင် ရှုစစ်နျန်ရဲ့ပါးစပ်က ဝန်ခံတာကိုတော့ သူမကြားဖူးဘူး။
YOU ARE READING
တန်ပြန် (MM Translation) ZAWGYI
RomanceThis story and pictures are not mine !! All credit to original author and owner!! Author - Yingcheshixue Title - Deliverance of the counterattack