CHAPTER 73

97 22 1
                                    


ရှုစစ်နျန်ရဲ့တစ်ကိုယ်လုံးက ရေတွေ တတောက်တောက် စီးကျနေလေကာ သူက စလစ်ပါအပါးလေးနဲ့ညအိပ်ဝတ်စုံကိုသာ ဝတ်ထားလေသည်။ မိနစ်အနည်းငယ်လောက် တံခါးဝမှာ မတ်တပ်ရပ်ပြီးနောက်မှာတော့ သူ့ခြေထောက်အောက်မှာ ရေအိုင်ကြီးတောင် ဖြစ်ပေါ်လို့နေပေပြီ။ သူ့ရဲ့နူတ်ခမ်းတွေကလည်း အလွန်အေးစက်မှုကြောင့် ပြာရောင်သမ်းနေပြီဖြစ်၏။ သို့သော် ချွီချန်ကိုတော့ စူးရဲစွာ စိုက်ကြည့်နေသေးဆဲပင်။

ချွီချန်တစ်ယောက် ရှုစစ်နျန်ရဲ့ထိုပုံစံကို ဆက်မကြည့်နိုင်တော့တာကြောင့် ထိုသူ့ရဲ့အဝတ်အစားတွေကို ဆွဲချွီတ်လိုက်ဖို့ လက်လှမ်းလိုက်လေသည်။ သို့သော် အဝေးသို့ တွန်းထုတ်ခြင်းခံလိုက်ရပြီး

" မင်းက မာဖီးယားတစ်ယောက် ဖြစ်နေတာနဲ့ပဲ အဲ့ဒီဆေးတွေကို ထိလို့ရတယ်၊ လူသတ်ချင်တိုင်း သတ်လို့ရတယ်လို့ ထင်မနေနဲ့၊ ရှုရှင်းနျန်ကို ချောက်ချတယ်ဆိုပေမယ့် အဲ့ဒီအစား တစ်ခုခုမှားသွားပြီး မင်းထောင်ထဲဝင်ရနိုင်တယ်ဆိုတာ တွေးရောတွေးဖူးရဲ့လား? အရင်က မင်းထောင်တစ်ခါကျပြီးပြီ..အဲ့တာတောင် မင်းက မိုက်မဲပြီး ကျည်ဆံထဲ ထပ်တိုးဝင်မလို့လား? မင်း .. သောက်ကျိုးနည်း ဒါကို သိရောသိရဲ့လား ?"

ချွီချန်က သူ့ကို ဘယ်တုန်းကမှ စိုက်မကြည့်ခဲ့ဖူးဘူး။ သူ့နဖူးကျောတွေက တည်တင်းလို့နေပြီး နောက်ဆုံးတော့ သူ့ရဲ့စိတ်ရှည်သည်းခံမှုက ကုန်ဆုံးသွားပေပြီ။ ထို့ကြောင့် သူက ရှုစစ်နျန်ရဲ့အဝတ်အစားတွေကို ဆွဲယူကာ ကြမ်းပေါ်ပစ်ချလိုက်ပြီး အော်ဟစ်လိုက်လေတော့သည်။

" ကိုယ်သိတယ်!  ဒါပေမယ့် သူတို့တွေ မင်းအပေါ်လုပ်ခဲ့တာကို တွေးမိရင် မင်းမေကြီးတဲ့ပဲ ကိုယ်နည်းနည်းလေးမှ သည်းမခံနိုင်ဘူး ! တုန်ဖန်းနဲ့ရှုရှင်းနျန်က ကိုယ့်လက်ပေါ် တည့်တည့်ပြေးလာတယ်ဆိုကတည်းက ကိုယ်သာလက်စားပြန်မချေရင် ကိုယ်က ယောက်ျားတစ်ယောက်မဟုတ်တာပဲ!"

သူက လက်သီးကျစ်ကျစ်ဆုပ်ကာ နံရံကို ဒေါသပုံချမိသည်။ သူ့ထိုးချက်ကြောင့် ကျယ်လောင်သောအသံနဲ့အတူ အခန်းတံခါးက တုန်ခါသွားရသည်။

တန်ပြန် (MM Translation) ZAWGYIWhere stories live. Discover now