"ပါးကလည်း သားနဲ့ သားဖေဖေကို အချစ်ဆုံးပဲ"
ချွီချန်က သဘောတကျ ရယ်မောလိုက်ပြီး အကောင်ငယ်လေးကို ပွေ့ချီလိုက်ကာ သူ့မုတ်ဆိတ်ငုတ်တိုတို့နဲ့ လည်ပင်းကို ပွတ်သပ်လေသည်။ အကောင်ငယ်လေးကလည်း ယားကျိကျိခံစားရတာကြောင့် တခစ်ခစ် ရယ်မောလျက် သူ့လည်ပင်းလေးကို တွန့်လေသည်။ သူလေးက အရယ်လွန်ကာ လဲကျသွားလျက် နောက်ဆုံးတော့ ချွီချန်အပေါ် မှီချလိုက်လေသည်။ သူ့ရင်ဘတ်လေးက ပျော်ရွှင်မှုကြောင့် ခုန်ပေါက်နေတော့သည်။
အဲ့ဒီအချိန်မှာ အခန်းတံခါးက ပွင့်လာခဲ့ပြီး အခန်းဝမှာ ရှုစစ်နျန်က ရေတစက်စက်ကျနေတဲ့ ပုဂံလုံးနဲ့ တူကို ကိုင်ကာ ရပ်နေလေသည်။ သူက ကုတင်ပေါ်လဲနေတဲ့ အကြီးကြီးနဲ့ အသေးလေးကို မြင်တော့ တအံ့တဩနဲ့ မေးမြန်းလိုက်၏။
" မင်းတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ?"
wowoလေးက သူ့ပါးစပ်လေးကို ဖွင့်ကာ ပြောမလို့ပြင်လိုက်ချိန်မှာပဲ ချွီချန်က ချက်ချင်းဆိုသလို သူ့နားလေးနားအထိ တိုးကာ တိုးတိုးလေး ပြောလေသည်။ ထို့နောက် လက်ညိုးကို နူတ်ခမ်းနားတေ့ကာ လျို့ဝှက်ချက်ပုံစံလုပ်ပြလေသည်။
"အဟမ့်..အဲ့တာက ပါးတို့နှစ်ယောက်တည်းရဲ့လျို့ဝှက်ချက်နော်"
အကောင်ငယ်လေးက ခေါင်းညိတ်ပြလာပြီး သူ့လက်ညိုးလေးကို ချွီချန်လုပ်သလို နူတ်ခမ်းနားကပ်ကာ ရှူးခနဲ လုပ်ပြလာခဲ့သည်။ ထို့နောက် သူလေးက အပြစ်ကင်းစွာ ရယ်ပြလာခဲ့၏။
"အွန်း...သားတို့လျို့ဝှက်ချက်"
****
တညလုံးလိုလို wowo လေးက ကစားပြီး နောက်ဆုံးတော့ ချွီချန်ရဲ့ရင်ဘတ်ပေါ်အိပ်ပျော်သွားလေပြီ။
ချွီချန်က သူ့ကို တိတ်တဆိတ်ပွေ့ချီလိုက်ပြီး အိပ်ရာပေါ်တင်ကာ စောင်ခြုံပေးလိုက်သည်။ အဝါရောင်ကြက်ရုပ်လေးကိုလည်း သူ့လက်မောင်းလေးထဲ ထည့်ပေးလိုက်၏။ ထို့နောက်မှာတော့ ဖြည်းဖြည်းလေး မတ်တပ်ရပ်ကာ အိပ်ရာကနေ ဆင်းလာခဲ့တော့သည်။အဲ့ဒီအချိန်မှာ တစ်ဖက်ကုတင်စွန်းပေါ်မှာတော့ ရှုစစ်နျန်က အိပ်ပျော်နေလေသည်။ သူ့ကိုယ်ပေါ်ခြုံထားတဲ့ စောင်က တစ်ဝက်လျှောကျနေလေပြီး ဝင်းဝါနေတဲ့ ညှပ်ရိုးတော်တော်များများက ပေါ်နေသည်။ ချွီချန်က တိတ်တဆိတ် လမ်းလျှောက်လာခဲ့ပြီးစောင်ကို မ ကာ အိပ်ရာထဲဝင်လိုက်၏။ ထို့နောက် ဘေးတစ်စောင်း စောင်းလျက် ရှုစစ်နျန် အိပ်ပျော်နေတာလေးကို ငုံ့ကြည့်နေလေသည်။
(t/n wowoနဲ့စစ်နျန်က တစ်ကုတင်တည်းပါနော်)
YOU ARE READING
တန်ပြန် (MM Translation) ZAWGYI
RomanceThis story and pictures are not mine !! All credit to original author and owner!! Author - Yingcheshixue Title - Deliverance of the counterattack