CHAPTER 69

108 18 0
                                    


ငါတော့ သေပါပြီ....ဒါဆို မရီးက မရီးမဟုတ်ဘူးပေါ့...သူက ငါ့ယောက်ဖ! ငါက တကယ့်ကို မယုံနိုင်လောက်တဲ့အံ့ချီးဖွယ်ကြီးကို ရှာတွေ့လိုက်တာပေါ့! ဘုရားရေ...မဖြစ်ဘူး ငါတော့ အကိုချန်သတ်တာ ခံရတော့မယ်!!

(T/Nသူလေးက သူတို့အကိုကြီးကို အောက်ထပ်လို့ထင်နေတာ:xD)

ကတိကအောင့်နဲရှက်ရွံ့ဖွယ်အခြေအနေကြောင့် ရှုစစ်နျန်ရဲ့လည်ပင်းက နီရဲနေတော့သည်။ ထို့နောက်မှာတော့ သူက လုပ်ချောင်းဆိုးကာ ထလိုက်၏။ ချွီချန်ရဲ့မျက်နှာကတော့ လုံးဝကို နက်မှောင်နေပေတော့သည်။ သူက သူ့ရဲ့ကောင်းမွန်လှတဲ့နတ်စည်းစိမ်ကို ဖျက်စီးခဲ့တဲ့ အားစီကို စိုက်ကြည့်လေသည်။ သူ့စိတ်ကူးထဲမှာတော့ အားစီဆိုတဲ့ကောင်ကို တစ်စစီဆွဲဖြဲပြီးလေပြီဖြစ်သည်။

" ဘာကိစ္စလဲ? ချက်ချင်းပြော? အခန်းထဲမဝင်ခင် တံခါးကို အရင်ခေါက်ရမယ်ဆိုတာ မင်းမသိဘူးလား?!"

အားစီတစ်ယောက် ဦးခေါင်းတစ်ခုလုံးထုံထိုင်းနေပြီး ကြက်သီးတဖြန်းဖြန်းထောင်ထလာတော့သည်။ မျက်ရည်မကျဘဲ သူအော်ဟစ်ငိုပစ်လိုက်ချင်သည်။
အကိုတို့နှစ်ယောက်သာ အခုလို အိမ်ထဲမှာ လူးလိမ့်တမ်းကစားနေတာသာ ငါလေးကြိုသိခဲ့ရင် မိုး မီးလောင်နေရင်တောင် ဝင်လာဖို့ အဲ့လောက်သတ္တိရှိမနေပါဘူး ဘော့စ်ရဲ့ !

" အကိုချန်...အကို မြန်မြန်အောက်ဆင်းပြီးတစ်ချက်လောက် လာကြည့်ပါဦး ..ဒီကိစ္စက ဟိုဟာ...ပြောလို့ အဆင်မပြေလို့..."

သူက ချွီချန်နောက်ကရှုစစ်နျန်ကို ကြည့်ကာရှင်းရှင်းလင်းလင်းပြောသင့်မပြောသင့် တွေဝေ
နေလေသည်။

ရှုစစ်နျန်က အားစီရဲ့ထိုအမူအရာကိုကြည့်ပြီး ဒီကိစ္စက သူသိလို့မဖြစ်တဲ့ကိစ္စမှန်း သဘောပေါက်လိုက်၏။ သူက ဘာဖြစ်နေမှန်းမသိ ရှုပ်ထွေးနေသေးတဲ့ wowo လေးကို ကောက်ပွေ့လိုက်ပြီး ပြောလိုက်၏။

" နောက်တောင်ကျနေပီပဲ...ကျွန်တော်သွားသင့်ပြီ...ခင်ဗျားလည်း အလုပ်ရှုပ်နေတယ်မလား"

" ခဏစောင့်..ကိုယ်လိုက်ပို့ပေးမယ်"

အားစီက အနည်းငယ်လွတ်နေတယ်ဆိုပေမယ့်လည်း သူက အကြောင်းအရင်းမရှိဘဲနဲ့တော့ စည်းကမ်းချိုးဖောက်ပြီး သူ့ရုံးခန်းတံခါးကို တွန်းဖွင့်ဝင်လာမယ်မဟုတ်မှန်းတော့ သူနားလည်၏။ ဒါပေမယ့်လည်း ဘယ်လောက်ကြီးမားတဲ့ကိစ္စဖြစ်ပါစေ ဒေါင်းကလေးလောက်အရေးမကြီးဘူး။ ကျန်တဲ့ကိစ္စတွေက နောက်ကျမှ ဖြေရှင်းလည်း ဖြစ်တယ်။

တန်ပြန် (MM Translation) ZAWGYIWhere stories live. Discover now