Houttuynia က မြောက်ဘက်ပိုင်းမှာ လူသိပ်မသိကြပေမယ့် ဆေးဝါးပစ္စည်းအနေနဲ့တော့ တောင်းဆိုမှုများဆဲပင်ဖြစ်သည်။ ထိုကြော်ငြာကိုတင်ပြီး သီတင်းပတ်အနည်းငယ်အတွင်းမှာ တရုတ်ဆေးဝါးစက်ရုံတစ်ခုက သူနဲ့လာရောက်ဆွေးနွေးချင်ပြီး Houttuynia တွေအားလုံး သူတို့ယူချင်တယ်ဆိုတဲ့အကြောင်း ဆက်သွယ်လာခဲ့သည်။ ရောင်းပြီးသွားလို့၊ ရရှိတဲ့ငွေကြေးထဲမှာ အခွန်ပမာဏမစို့မပို့လေးကို နူတ်ပြီးသွားတော့ ရှုစစ်နျန်က သူ့ရဲ့ပထမဆုံးရွှေစီမံကိန်းကနေ ယွမ်၂၀၀၀၀ ကျော် အမြတ်ရရှိခဲ့သည်။
ပထမဆုံးစီးပွားရေးက အစကောင်းခဲ့ပြီး ရှုစစ်နျန်က အပင်ပေါက်ဖောက်တဲ့နေရာမှာ ပိုပြီး အားစိုက်ထားလေသည်။ နေ့စဥ်နေ့တ်ုင်း ခိုနားရာ(wowo) လေးကို ဂရုစိုက်ပြီးနောက် ကျန်တဲ့သူ့အချိန်တွေကို လယ်ကွင်းထဲမှာသာ နစ်မြုတ်ထားခဲ့သည်။
ထိုညမှာတော့ လယ်ကွင်းထဲက အလုပ်တွေပြီးလို့ အိမ်ကို မောမောနဲ့ ပြန်လာခဲ့သည်။ တံခါးက သော့ကို ဖွင့်မလို့ သူ လက်လှမ်းရုံပဲရှိသေး တံခါးထိပ်နားလေးက စောင့်ကြည့်ရေးတံခါးပေါက်ကနေ ခေါင်းသေးသေးလေးတစ်ခု ပြူထွက်လာခဲ့လေသည်။ ထို့နောက် ထိုအကောင်ငယ်လေးက ပြုံးရွှင်ကာ သူ့ကို လက်ယမ်းပြလာခဲ့သည်။
" ပါး..ပါး...ပါး အားကြီးဝတယ်!"(ပါး ပြန်လာပြီလား?)
နေပါဦး..အကောင်ပေါက်လေးက ဒီလောက်အမြင့်ကြီးကို ဘယ်လိုတက်လိုက်တာပါလဲ? !
လျိုရှောင်းမောင်ကလည်း ဒီနေ့ ထပ်ပြီး ညဆိုင်းကျတယ်ဆိုတာကို တွေးမိတော့ ရှုစစ်နျန် ထိတ်လန့်သွားသည်။ သူ ရှော့ခ်ရသွားလေပြီး ချွေးစေးတွေပြန်ကာ တံခါးကို ဆွဲဖွင့်လိုက်လေတော့ ရလဒ်အနေနဲ့ တံခါးက အတွင်းဘက်ကနေ အရင်ဖွင့်လာခဲ့ပြီး လည်ပင်းပေါ်မှာ wowo ကို ခွတင်ထားတဲ့ ချွီချန်က ထွက်ပေါ်လာခဲ့သည်။ သူက နူတ်ခမ်းစွန်းတို့ တွန့်ကွေးလျက်
" အိုး..ကိုယ့်ရဲ့ဧကရီ... ဒီမနက်ပြန်တာ စောလွန်းလှပါတကား"
ရှုစစ်နျန်က အချိန်ခဏလောက် အံ့အားသင့်သွားပြီး လက်ထဲကအိတ်ကို ချရမှာတောင် မေ့သွားလေသည်။
YOU ARE READING
တန်ပြန် (MM Translation) ZAWGYI
RomantizmThis story and pictures are not mine !! All credit to original author and owner!! Author - Yingcheshixue Title - Deliverance of the counterattack