" ခင်ဗျား ကျွန်တော့်ကို မသိသလိုပဲ..ကျွန်တော်လည်း ခင်ဗျားအကြောင်း နည်းနည်းပဲ သိတယ်..
ခင်ဗျားနာမည်က Qu Cheng ဆိုတာရယ်..ခင်ဗျားက ယောက်ျားတစ်ယောက်ဆိုတာရယ်.. ပြီးတော့ရော?"Xu Cinian က ခါးသီးစွာ ပြုံး၍ ပြောလာ၏။ သူ့အကြည့်တွေကတောင် သူစိမ်းတစ်ယောက်ကို ကြည့်သလိုမျိုး စိမ်းသက်လှသည်။ ဒီဟာထက်ကို ရယ်စရာကောင်းတဲ့ ကိစ္စ ရှိရော ရှိနိုင်ပါဦးမလား?
" အဲ့လို ဆိုရင်တောင် ဘာဖြစ်လဲ? ကိုယ်တို့တွေ တဖြည်းဖြည်းနဲ့ နားလည်အောင် လုပ်လို့ရတယ်လေ "
Qu Cheng က သူ့ဆံပင်တွေကို ဆွဲဆုပ်နေခဲ့သည်။ သူ့ရဲ့ ပုံမှန် ဆုံးဖြတ်ချက် ပြတ်သားမှုနဲ့ အလုပ်ကြိုးစားတာတွေက သူ Xu Cinian ကို တွေ့လိုက်သည်နဲ့ချက်ချင်း ဘာမှ အရာမရောက်လေတော့ဘူး။ သူကိုယ်တိုင်တောင်မှ သေချာ ရေရာစွာ ဘာဆို ဘာမှ မသိလေတော့ဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက သူ ဘာကြောင့်များ ဒီဒေါင်းလေးကို ဖမ်းဆုပ်ထားမှ ဖြစ်မှာလဲ ဆိုတာကိုပေါ့။
Xu Cinian က ပြုံးလိုက်၏။ သူ့နူတ်ခမ်းစွန်းလေးတွေက ကွေးညွှတ်နေပြီး မျက်လုံးစွန်းလေးတွေက မြှင့်တက်လို့နေသည်။ ဒီအမူအရာက Qu Cheng အကြိုက်ဆုံးပုံစံဖြစ်သည်။ သို့သော် သူက ဒီလိုအမူအရာနဲ့ ပြတ်သားစွာ ပြောလာ၏။
" မဟုတ်ဘူး..အနာဂတ်မှာ ကျွန်တော်က ကျွန်တော့်ဘဝနဲ့ ကျွန်တော် ကောင်းမွန်စွာ ရှင်သန်ချင်တယ်..ကျွန်တော်က အရင်က ပတ်သက်ခဲ့တဲ့ လူတွေနဲ့ အတူ မဖြတ်သန်းချင်ဘူး..အဲ့ဒါထက် အခု ကျွန်တော့်မှာ ကျွန်တော့်သားလေး ရှိနေပြီ..ဒါကြောင့် ထပ်ပြီးတော့ ဒီလို အရောင်စုံနေတဲ့၊ရှုပ်ထွေးတဲ့ အရာတွေကို ထပ်ပြီး မလုပ်ချင်တော့ဘူး.."
" ငါက မင်းကို နှစ်နှစ်တောင် စောင့်နေခဲ့ရတာကို မင်းက အခုမှ ငါ့ကို မေ့ပစ်ခိုင်းနေတာလား?"
Qu Cheng က ကြက်သေသေနေခဲ့၏။ သူတစ်ကိုယ်လုံးက စိတ်ထိခိုက်နေတဲ့ အရိပ်အငွေ့တွေနဲ့ ပြည့်နှက်နေပြီး ကျောက်တုံးတစ်တုံးလို တောင့်ခဲလို့ နေပေသည်။
Xu Cinian က သူ့မျက်ခုံးကို ပင့်တင်ရင်း သူ့ကို ကြည့်လိုက်သည်။
YOU ARE READING
တန်ပြန် (MM Translation) ZAWGYI
RomanceThis story and pictures are not mine !! All credit to original author and owner!! Author - Yingcheshixue Title - Deliverance of the counterattack