ချွီချန်က ဒီမေးခွန်းကို ချက်ချင်းဖြေခဲ့သည်။ ရင်ထဲမှာတော့ ခါးသီးစွာ ပြုံးလိုက်ပြီး ခေါင်းခါယမ်းပြလာသည်။
" အခုအခြေအနေက အလျင်စလိုဖြစ်သွားတယ်...ကျွန်တော့်စိတ်က လောနေတော့ ဘာလုပ်ရမလဲ မေ့သွားရော... ခင်ဗျားက ဒီနယ်ပယ်မှာတော့ ကျွမ်းကျင်ပါရဂူကြီးဆိုတာကို ကျွန်တော် သတိရလိုက်လို့"
ဒါရိုက်တာစုန့်က သူ့ဆင်ခြေကို မယုံမှန်းသိသာလေသည်။ သူ့က ချွီချန်ဆီ ညစ်တစ်တစ်အကြည့်တစ်ချက် ပို့လွှတ်လိုက်ပြီး 'ငါသိနေတယ်နော် ငါသိနေတယ် ' လို့ ပြောနေသယောင်။
" ဟုတ်ပါပီ မင်းပြောတာ ငါ ယုံလိုက်ပါ့မယ်..ဒါပေမယ့် ကောင်လေးချွီချန်ရေ...နောက်ကျရင်တော့ ငါ့ကို အရူးလုပ်ဖို့ မစဉ်းစားနဲ့ကွ...အရင်က မင်း ယောက်ျားတွေကိုသာကြိုက်တယ် လို့ ပြောလာတုန်းကလည်း ငါ မင်းကို ဘယ်တုန်းကမှ အထင်မသေးခဲ့ပါဘူး...အဲ့ဒီတုန်းက ဘယ်မိန်းကလေးနဲ့မှ မင်း ပတ်သက်မှာ မဟုတ်ဘူးလို့တောင် ဆင်ခြေပေးခဲ့သေးတယ်...ဒါပေမယ့် အခုတော့ ကြည့်ပါဦး...မင်းမှာ တခြားမိန်းမတစ်ယောက်နဲ့ ကလေးတောင် ရှိနေတယ်တဲ့လား? ဒါကို ဝန်ခံဖို့ မင်အတွက် ဒီလောက်တောင် ခက်ခဲနေတာလား?"
ချွီချန်ကတော့ ဒီရှုပ်ထွေးလှတဲ့ပတ်သက်မှုကို ဘယ်လို ရှင်းပြရမယ်မှန်း မသိတော့ဘူး။ ဒါကြောင့် ဒီအတိုင်းသာ ငြင်းဆန်လိုက်သည်။
" ဒီကလေးက တကယ့်ကို မိန်းမတစ်ယောက်နဲ့ရတယ့် ကျွန်တော့်ကလေး မဟုတ်ဘူးလို့"
" အို့...မိန်းမတစ်ယောက်နဲ့ရတဲ့ ကလေးမဟုတ်ဘူးပေါ့? ဒါဆို ယောက်ျားတစ်ယောက်နဲ့ရတာလား?"
"..." ချွီချန်တစ်ယောက် တကယ်ပြောစရာစကား ပျောက်ရှသွားတော့၏။ ထိုစကားက သူ့စိတ်ကို အတွေးများစေလောက်အောင် ထိမှန်ခဲ့သည်။
ဒေါက်တာစုန့်က သူ့ကို ဒီအတိုင်း စနောက်ပြောလိုက်တာဖြစ်သည်။ ဒါပေမယ့် သူက ချွီချန်ရဲ့ထူးဆန်းတဲ့ မျက်နှာအမူအရာကို မြင်လိုက်ရတဲ့အခါ သူ့ဒေါသကို ဖိနှိပ်လိုက်ပြီး ပြုံးကာ စိတ်အားထက်သန်စွာပြောလာသည်။
" ကောင်းပြီလေ...ငါမှာ မင်းရဲ့ပုဂ္ဂိုလ်ရေးကိစ္စတွေကို ဝင်စွက်ဖက်ပိုင်ခွင့်မရှိပါဘူး...ဒါပေမယ့် အဲ့ဒီကလေးနဲ့ DNA စစ်ကြည့်ဖို့တော့ အကြံပေးချင်တယ်...ကမ္ဘာပေါ်မှာ များပြားလွန်းတဲ့ တိုက်ဆိုင်မှုဆိုတာ မရှိဘူး"
YOU ARE READING
တန်ပြန် (MM Translation) ZAWGYI
RomanceThis story and pictures are not mine !! All credit to original author and owner!! Author - Yingcheshixue Title - Deliverance of the counterattack