CHAPTER 112

44 6 1
                                    

ချွီချန်က ထပ်ခေါ်ကြည့်လိုက်သည်။ ဒါပေမယ့် ရှုစစ်နျန်က သူ့ကို မတုန့်ပြန်လာခဲ့ပါ။ ထုံဆေးရဲ့သက်ရောက်မှုကြောင့် သူက နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့လေသည်။

" စစ်နျန်..."

ရှုစစ်နျန် နိုးမလာတာသေချာတော့မှ ချွီချန်က သက်မချလိုက်ပြီး သူ့လက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်ကာ စစ်နျန်ခေါင်းက ဆံပင်ချည်လေးကို ဆတ်ခနဲ ဆွဲနူတ်လိုက်ပြီး ကြိုတင်ပြင်ဆင်ထားတဲ့ အကြည်ရောင်ပလတ်စတစ် အိတ်လေးထဲသို့ ဂရုတစိုက် ထည့်လိုက်၏။

ထို့အပြင် အိတ်ကပ်ထဲမှာ တခြားအိတ်တစ်အိတ်လည်းရှိသေးသည်။ ထိုအိတ်ထဲမှာတော့ wowo ရဲ့ သွေးတွေပေနေတဲ့ ဂျတ်ကတ်စလေးတစ်စရှိနေလေသည်။ တိတ်ဆိတ်တဲ့ညလယ်မှာ ထိုသွေးစတွေက တသီးတသန့်ဖမ်းစားနိုင်ပုံပေါ်နေလေသည်။

သူက ပစ္စည်းနှစ်ခုလုံးကို စုဆောင်းပြီးသွားချိန်မှာတော့ ရှုစစ်နျန်ရဲ့suit ကို သူ့အပေါ် လွှမ်းပေးလိုက်ပြီး သူ့ကို ကော်ရစ်တာအထိန်းမှာ ညင်သာစွာ မှီလိုက်စေသည်။ ထို့နောက် ဘယ်သူမှရှိပုံမရတဲ့ကော်ရစ်တာတစ်လျှောက် တန်းတန်း လျှောက်လာခဲ့ပြီးနောက်မှာတော့ ချွီချန်က အိတ်ကပ်ထဲက ဖုန်းကို ဆွဲထုတ်လိုက်သည်။

" အားစီ..အခုချက်ချင်း ဆေးရုံလာခဲ့...ငါ့မှာ မင်းကို ဒေါက်တာစုန့်ဆီ ပို့ခိုင်းစရာ ရှိတယ်...အဲ့ဒီပစ္စည်းကို ပို့ပြီးတာနဲ့ ဘာဆက်လုပ်ရလဲဆိုတာ မင်းသိပါတယ်"

ခေါ်ဆိုမှုက စက္ကန့်အနည်းငယ်ပဲ ကြာခဲ့ပြီး ဖုန်းချပြီးချိန်မှတော့ ဘယ်သူမှ သတိမထားမိဘဲ တိတ်ဆိတ်မှုက နေရာယူသွားခဲ့လေသည်။

ချွီချန်က သူ့ဖုန်းကို သိမ်းလိုက်ပြီး ပြန်လာခဲ့ကာ သူ့လက်မောင်းတွေနဲ့ ရှုစစ်နျန်ကို ထွေးပွေ့လိုက် သူ့ခန္ဓာကိုယ်ကို သက်တောင့်သက်သာအိပ်စက်စေနိုင်တဲ့ အနေအထားအတိုင်း ဖြစ်စေလျက်၊ သူ့ခေါင်းကို နိမ့်လိုက်ပြီး ထိုလူသားရဲ့ပါးကို နမ်းရှိုက်လိုက်၏။

ဒေါင်းကလေးရေ...မင်းကမှ ကိုယ့်ကို လူကိုယ်တိုင်မပြောချင်တာ...ကိုယ် ကိုယ်တိုင်ပဲ အမှန်တရားကို ရှာဖွေရတော့မှာပေါ့...

တန်ပြန် (MM Translation) ZAWGYIWhere stories live. Discover now