ချွီချန်က ရှုစစ်နျန်ရဲ့ နောက်ကျောပေါ်ရောက်နေတဲ့ သူ့လက်တွေကို ပြန်ဆုတ်လိုက်ကာ ရိုးသားပွင့်လင်းတဲ့မျက်နှာနဲ့ သင့်တင့်ရည်မွန်သော လူကြီးလူကောင်းတစ်ယောက်လို ပြုမူလေသည်။ အကယ်၍ သူသာ မီးဖိုချောင်ထဲမှာ ချွီချန်ရဲ့အကြိမ်ပေါင်းများစွာ လက်သရမ်းပြီး အပွတ်သပ်မခံခဲ့ရပါလျင် ချွီချန်က လူကြီးလူကောင်းတစ်ယောက်ပါလို့ ယုံကြည်လိုက်မိမှာပင်။သူက လက်ကို ဆန့်ကာ coatကို ချွတ်လိုက်ပြီး ဆိုဖာပေါ် တင်လိုက်သည်။ ထို့နောက် အိပ်ကပ်ထဲကနေ ဆေးအဆီပုလင်းသေးသေးလေးကို ယူထုတ်လာကာ အနည်းငယ် ခါယမ်းလိုက်ပြီး " ကိုယ်က သားရဲတစ်ကောင် မဟုတ်ပါဘူး" ဟူသော အပြုံးကို ထုတ်ဖော်ပြသလာခဲ့သည်။
ချွီချန်ရဲ့ ထိုပုံစံက ရှုစစ်နျန်ကို စိတ်ရွှင်စေပြီး သူက အားမထည့်ဘဲ ချွီချန်ကို ကန်လိုက်လေသည်။
" ကြည့်စမ်း..ခင်ဗျားက အရူးလိုပဲ"
သယ်လျလှပတဲ့ ခြေထောက်သွယ်သွယ်လေးတွေက ချွီချန်ရဲ့ မျက်လုံးထဲမှာ တဖြတ်ဖြတ် လင်းလက်နေခဲ့ပြီး သူ့အကြည့်တွေက ရှုစစ်နျန်ရဲ့ ပေါင်းရင်းသို့သာ ကျရောက်နေတော့သည်။ ဖြူဖြူဖွေးဖွေး ခြေမလုံးလုံးလေးက ချွီချန်ရဲ့ အနက်ရောင် အသားအရေနဲ့ လုံးဝ တွဲဖက်ညီ လိုက်ဖက်လှတာကြောင့် သူတို့က ချွီချန်ရဲ့ နှလုံးသားကို ချိတ်ကလေးတစ်ခုလို ဖမ်းစားသွားတော့သည်။ ချက်ချင်းဆိုသလို ချွီချန်ရဲ့ အောက်က ညီလေးက နိုးလာခဲ့တော့၏။
Fuck..
ချွီချန် တိတ်တဆိတ် ကျိန်ဆဲလိုက်ပြီး သူ့ရဲ့လည်စေ့က အပေါ်အောက် လှုပ်ရှားသွားရသည်။ သူက တိုဟူးများများ ထပ်စားချင်သေးတာကြောင့် လျှိုရှားဟွေး ဖြစ်ဖို့ ဆုံးဖြတ်လိုက်လေသည်။
(T/N တိုဟူးစားတာကတော့ သိမယ်ထင်ပါတယ်..
လျှိုရှားဟွေးဆိုတာက နယ်ပယ်တစ်ခုမှာ ကျော်ကြားပြီး လေးစားခံရတဲ့ လူတစ်ယောက်ပါတဲ့..သူက သူ့ရဲ့ ကိုယ်ကျင့်သိက္ခာညစ်နွမ်းမှာကို မစိုးရိမ်ဘဲ သူ့ပေါင်ပေါ်မှာ အမျိုးသမီးတစ်ယောက်ကို ပွေ့ဖက်ထားတယ်လို့ ပြောကြပါတယ်..မှားချင်မှားပါမယ်..ငါလေး ငိုနေပီ😭)
YOU ARE READING
တန်ပြန် (MM Translation) ZAWGYI
RomanceThis story and pictures are not mine !! All credit to original author and owner!! Author - Yingcheshixue Title - Deliverance of the counterattack