CHAPTER 26

139 26 0
                                    


17, [In-depth understanding]

Xu Cinian တစ်ယောက် စိတ်ပျံ့လွင့်နေချိန်မှာ Qu Cheng က သူ့ကို ရုတ်တရက် ကောက်ပွေ့လိုက်ပြီး ဆိုဖာပေါ်သို့ ပစ်တင်လိုက်၏။

Xu Cinian မှာ ရုန်းကန်ဖို့ အချိန်တောင် မရှိလိုက်ပါ။ သူက 'အာ့ ' ခနဲ့ ညည်းညူမိပြီး မသိစိတ်ရဲ့ စေခိုင်းချက်အရ ပြန်လည်ခုခံဖို့ သူ့လက်ကို မြှောက်လိုက်၏။ သို့သော် သူက ကြိုးနဲ့ တင်းကြပ်မြဲမြံစွာ ချည်နှောင်ခံထားရပြီး လုံးဝကို လှုပ်ရှား၍ ရမနေခဲ့ပါ။

ဒါက Qu Cheng အခွင့်အရေးကို အမိအရ ဖမ်းကိုင်လိုက်နိုင်တဲ့ အကြောင်းအရင်းလည်း ဖြစ်ပေသည်။ Qu Cheng က သူ့ရဲ့သန်မာလှတဲ့ ဒူးတွေနဲ့ သူ့ကို ဆိုဖာပေါ် ဖိချလိုက်ပြီး ထိုလူကို သူနဲ့ ပိုနီးကပ်အောင် ဆွဲလိုက်၏။ သူ့ရဲ့ နှာခေါင်းထိပ်လေးက Xu Cinian ရဲ့ နဖူးနဲ့ တိုက်မိတာက Xu Cinian ကို တုန်ယင်စေသည်။

Qu Cheng က သူ့ကို အနိုင်ကျင့်နေရုံသာမက အလွန်တင်စီးစွာပင် ကြည့်နေလေသည်။ သူတို့ရဲ့ နှာခေါင်းထိပ်လေးတွေက အလွန်နီးကပ်နေပြီး တစ်ယောက်ရဲ့ အသက်ရှုငွေ့တွေက တစ်ယောက်ရဲ့ မျက်နှာကို တိုက်ရိုက် ရိုက်ခတ်နေပေသည်။ ဒီအချိန်မှာ ဒီပြင်းထန်လွန်းသော လှုပ်ရှားမှုတွေကြောင့် နှစ်ယောက်သား ဟောဟဲ လိုက်နေ၏။

" ဒီလို နီးကပ်တာနဲ့ပဲ တစ်ယောက်နဲ့တစ်ယောက် အမြန်သိလာဖို့ဆိုတာ ဖြစ်နိုင်လို့လား?"

Xu Cinian ထလာပြီး ရုန်ကန်လိုက်သည်။ သို့သော် သူ့နဖူးက ချွေးအေးတွေသာ စီးကျလာ၏။ အရာကတော့ မထင်ခဲ့ပါ။

" ကျွန်တော့်ကို ပြန်ပေးဆွဲတဲ့ ဒုစရိုက်သမားနဲ့ ကျွန်တော်တော့ မသိချင်ဘူး "

" မင်းပဲ ကိုယ်ကိုမသိချင်တာ..ဒါပေမယ့် ကိုယ်က မင်းကို သိချင်တယ်လေ.."

Qu Cheng က သူ့မေးကို ဆုပ်ကိုင်လိုက်ပြီး ရှေ့သို့ ကိုင်းကာ သူ့နှာခေါင်းဖျားလေးကို နမ်းလိုက်၏။ Xu Cinian တစ်ယောက် ကြက်သေသေသွားရ၏။ သူ့ကို စူးစိုက်ကြည့်နေတဲ့ ထိုအကြည့်တွေကို ရှောင်ရှားဖို့ရန်အတွက် သူ့ခေါင်းကို လှည့်လိုက်သော်လည်း သူ့ရဲ့ ကျော့ရှင်းတဲ့ လည်ပင်းလေးကို ပိုပြီး မြင်သာအောင် ပြသသလို ဖြစ်သွားရ၏။

တန်ပြန် (MM Translation) ZAWGYIWhere stories live. Discover now