ဒီလူရမ်းကားကို မတွေ့ရတဲ့ နှစ်နှစ်အတောအတွင်းမှာ ထိုလူဆိုး၏ ရမ်းကားမှုလယ်ဗယ်က ပိုတောင် မြင့်မားလာသေးသည်။ အရည်ထူချက်ဆိုသည်မှာလည်း နံရံထက်တောင် ပိုထူသလားပဲ !Qu Cheng ရဲ့ အနက်ရောင် မျက်လုံးနှစ်စုံက Xu Cinian ရဲ့ ကိုယ်ပေါ်မှာ စူးစိုက်ကျနေသည်မှာ သူ သေသွားရင်တောင် ရွေ့မယ့်ပုံမပေါ်။ နှစ်ပေါင်းရှစ်ရာလောက် မတွေ့ရသလို အရူးအမူး စိုက်ကြည့်နေခဲ့တဲ့ ထိုလူရဲ့အကြည့်တွေကို Xu Cinian မသိသလို ဟန်ဆောင်ပြီး ထိုသူ့ကို ပြန်ကြည့်လိုက်သည်။ ထိုအချိန်မှာ Qu Cheng ကတော့ ထိုလူသားလေးကို သူ့လက်မောင်းထဲ ဆွဲသွင်းဖို့ ထပ်ပြီး မစောင့်နိုင်တော့ဘူး။ ထို့နောက် သူက ထိုလူသား၏နူတ်ခမ်းနှစ်လွှာကို ပြင်းပြင်းထန်ထန် နမ်းရှိုက်လိုက်လေတော့သည်။
ဟုတ်တယ်..ဒီလူက သူ့ဒေါင်းကလေးမှ ဒေါင်းကလေးအစစ်ပဲ..ဒီလို မာနကြီးပြီး လက်မခံနိုင်ဖြစ်နေတဲ့ ပုံစံလေးကို ကြည့်ပါဦး...သောက်ရမ်းကို ကြည့်ကောင်းလွန်းလို့ ဘယ်သူကမှတောင် အတုမခိုးနိုင်ဘူး..
Xu Cinian က အေးတိအေးစက်နဲ့ နှာမှုတ်လျက်အကြည့်လွှဲလိုက်သည်။ သူ့ဒေါင်းကလေးက တကယ်ကို ဒေါသဖြစ်နေတာမှန်း Qu Cheng သိလိုက်ပြီး သူ့မျက်ခုံးတို့ကို ပင့်မိသည်။ သူ့နူတ်ခမ်းမှာ ဖြစ်တည်လာချင်တဲ့ အပြုံးကို အတင်းဖိနှိပ်လျက် သူ့လူတွေကို Zhang Dawei အား ဆွဲခေါ်သွားဖို့ လက်ယမ်းပြလိုက်သည်။ ညီငယ်လေးတွေရဲ့ စိတ်ဝင်တစား စပ်စပ်စုစု စိုက်ကြည့်နေကြတဲ့ မျက်လုံးပေါင်းများစွာက ပျောက်ကွယ်သွားတော့သည်။
အားစီတစ်ယောက် ထွက်မသွားခင်မှာ စိုးရိမ်စွာဖြင့် တိုးတိုးတိတ်တိတ် မေးမြန်းလာ၏။
" အကို Cheng..ဟို..မရီးကိုက ဒီအတိုင်းပဲ ကြိုးချည်ထားမှာလား? ကြိုး မဖြေပေးတော့ဘူးလား?"
Qu Cheng က သရော်ပြုံးပြုံးကာ သူ့ကို စိုက်ကြည့်လျက်
" ဒါက အပြောပဲ လွယ်တာ"
အားစီက ကိုးရိုးကားယားနဲ့ သူ့ဆံပင်ကို ဆွဲနေလေသည်။ Qu Cheng ကတော့ ပြောစရာပင်မလို။ တအားတွေ စိတ်ကောင်းဝင်နေလေသည်။ သူက သူ့ရှေ့က ကြိုးချည်ခံထားရတဲ့ Xu Cinian ကို ကြည့်ပြီး အပြုံးလေးနဲ့ သူ့လက်ကို ခါယမ်းလျက်
YOU ARE READING
တန်ပြန် (MM Translation) ZAWGYI
RomanceThis story and pictures are not mine !! All credit to original author and owner!! Author - Yingcheshixue Title - Deliverance of the counterattack