CHAPTER 115

61 9 0
                                    


အကောင်ငယ်လေးက အလွန်သွက်လက်ချက်ချာပြီး ရယ်ရွှင်တတ်သောကလေးဖြစ်သည်။

သူက တွေ့တဲ့သူတိုင်းကိုလည်း ရယ်ပြတတ်လေသည်။ ဒါပေမယ့် ကားအက်စီးဒင့်ပြီးကတည်းက သူက အနည်းငယ် ကြောက်ရွံ့လာတတ်ပြီး ကုတင်ပေါ်မှာသာ အမြဲငိုင်တွေထိုင်နေကာ တခြားဌာနက သူငယ်ချင်းတွေနဲ့ သွားကစားသည်ဟူ၍လည်း မရှိတော့ပါ။ လူစိမ်းမြင်ရင်ကို ကြောက်ရွံ့နေတတ်ကာ အရင်ကထက်လည်း သူ့အပေါ်ပိုမှီခိုလာခဲ့သည်။ အကယ်၍ သူတို့တွေ့တဲ့အခါ လက်တွဲပေးမထားရင် သူလေးက ချက်ချင်းဆိုသလို ဂနာမငြိမ်ဖြစ်ကာ ငိုယိုပေလိမ့်မည်။

ရှုစစ်နျန် မသက်မသာခံစားနေရပေသည်။ ဒါပေမယ့် သူက ပြုံးလျက် wowo ကို ချော့မြူလေသည်။

" သားနေကောင်းလာတာနဲ့ ပါးတို့တွေ အိမ်ပြန်ကြမယ်လေ၊ ဒီနေရာကို ထပ်မလာတော့ဘူးလို့ ပါးက ကတိပေးတယ်...ဘယ်လိုလဲ? ဒါပေမယ့် သားဆေးရုံက မြန်မြန်ဆင်းချင်ရင်တော့ wowoလေးက ပါးတို့နဲ့ ပူးပေါင်းပေးရမယ်လေ...ဒါမှ ပါးတို့ကို ဆေးရုံက ဆင်းခွင့်ပြုမှာပေါ့"

"တကယ်လားဟင်?" wowoရဲ့ နူတ်ခမ်းလေးက ပြေလျော့သွားခဲ့လေသည်။

" တကယ်ပေါ့ ..ပါးက သားရဲ့ အဝါရောင်ကြက်ပေါက်လေးကိုတောင် ဒီနေ့ယူလာသေးတယ်...ညကျ သားဖက်အိပ်လို့ ရတယ်လေ..ဒါဆို သား ထပ်ပြီး ကြောက်တော့မှာမဟုတ်ဘူး"

ရှုစစ်နျန်က အိတ်ထဲကနေ အရုပ်ကို ထုတ်လိုက်ပြီး wowo လေးရှေ့ခါယမ်းပြလိုက်သည်။ သူ့ရဲ့အကောင်းဆုံးအရုပ်လေးကိုမြင်တော့ အကောင်ငယ်လေးက ပြုံးရယ်လာခဲ့သည်။ သူက လက်လှမ်းလိုက်ပြီး အဝါရောင်ကြက်ပေါက်ရုပ်လေးကို လက်မောင်းထဲ ပွေ့ဖက်ထားတော့သည်။ ဒီအချိန်မှာတော့ အခုနက မပျော်ရွှင်တဲ့ ခံစားချက်ကို သူလေး မေ့ပျောက်သွားတော့သည်။

" ပါးရယ် အန်ကယ်လျိုရယ် ရှောင်ဟွား(ကြက်ဝါလေး)ရယ် အားလုံးက သားကို လာတွေ့ကြတယ်...ချန်ချန်က ဘာလို့ မလာတာလဲဟင်?"

ဒီမေးခွန်းကို ကြားတော့ အချိန်ခဏကြာ ရှုစစ်နျန် မှင်တက်သွားခဲ့ပြီး ဘယ်လိုရှင်းပြရမယ်မှန်းမသိတော့ဘူး။

တန်ပြန် (MM Translation) ZAWGYIWhere stories live. Discover now