CHAPTER 132

20 0 0
                                    


" လွှတ်စမ်း! ငါ့ကိုလွှတ်!"

သူမရဲ့ရှင်သန်ချင်တဲ့စိတ်ဆန္ဒက ပြင်းပြလွန်း၍ထင်ပါသည်။ ပုံမှန်ဆို အနွံတာခံတတ်တဲ့ မိန်းမငယ်လေး ကျန်းထင်က အခုတော့ အော်ဟစ်ငိုယိုနေပြီး ကားတံခါးအပြင်ဘက်က စတီးချောင်းကိုဆွဲကာ တုန့်ဆိုင်းခြင်းမရှိ ရှုရှင်းနျန်ကို ကန်လိုက်သည်။

ထိုကန်ချက်ထဲမှာ သူမရဲ့အားတွေအားလုံးကို အသုံးပြုထားလေသည်။ မာစီးတီးဘင့်ဇ်ကားလေးက ထပ်ပြီးတော့ တောင့်ခံမထားနိုင်တော့ဘူး။ ရှုရှင်းနျန်ရဲ့ လိုလားမှုမရှိတဲ့ နာနာကျင်ကျင်အော်ဟစ်သံနဲ့အတူ ကားက အောက်ပြုတ်ကျသွားခဲ့သည်။

ပြင်းထန်လွန်းတဲ့ပေါက်ကွဲတုန်ခါမှုကြောင့် စတီးတန်းကို ဖမ်းကိုင်ထားဖို့မဖြစ်နိုင်တော့ပဲ ရုတ်ချည်းဆိုသလို သူမလည်းလွှတ်ကျသွားရသည်။ သူမက ငယ်သံပါအောင်အော်ဟစ်လိုက်ပြီး သူမပြုတ်ကျသွားသည်ကိုသာ ကြည့်နေမိသည်။ သို့သော် ရုတ်တရက်ဆိုသလို သူမရဲ့လက်က ဖမ်းကိုင်ခံလိုက်ရပြီး အပေါ်သို့ဆွဲတင်ခံလိုက်ရသည်။

သူမကို လာကယ်တဲ့တစ်ယောက်က ဖြတ်သွားဖြတ်လာ တက်ခ်စီဒရိုင်ဘာ ဖြစ်လေသည်။ ကားဒရိုင်ဘာက သူမကို အပေါ်သို့ဆွဲတင်ကာ သူမရဲ့ အသက်ကို ကယ်တင်ခဲ့သည်။ နောက်ဆုံး ကျန်းထင်မြေပြင်သို့ ရောက်လာချိန်မှာတော့ သူမက လောကဓံရိုက်ခတ်မှုအောက်မှာ လူသေတစ်ကောင်ကဲ့သို့ ပြို့လဲကျနေပေပြီ။ ထို့နောက်မှာတော့ သူမက ဒရိုင်ဘာရဲ့လက်ကို အားကိုးတကြီး ဖက်ကာ စတင်ငိုကြွေးပါတော့သည်။

မာစီးဒီးဘင့်ဇ်ကားလေးက တွင်းအောက်ခြေအထိ ပြုတ်ကျသွားခဲ့ပြီး ဆူညံတဲ့ အသံကျယ်ကို ပြုလုပ်လေသည်။ များစွာသော စတီးချောင်းတွေက လှုပ်ခါသွားကြပြီး ကားအမိုးကို ရိုက်နေကြသည်။ ကားဒရိုင်ဘာ နေရာတွင်တော့ ညလယ်ကြီးမှာ သွေးပျက်ခြောက်ခြား ဖွယ်ကောင်းလှသည့် သွေးအိုင်ကြီးပက်ဖြန်းနေပေသည်။

အဝေးတစ်နေရာကနေ အစအဆုံး မြင်လိုက်ရတဲ့ ချွီချန်က မျက်လုံးကို မှိတ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်၏။ ထို့နောက်မှာတော့ လက်ထဲက ကားသော့ကို အားစီဆီပစ်ပေးလိုက်ပြီး

တန်ပြန် (MM Translation) ZAWGYIWhere stories live. Discover now