CHAPTER 107

47 8 1
                                    


လျိုရှောင်းမောင်က ခေါင်းခါပြလာပြီး သူ့မျက်နှာတစ်ဝက်ကို အုပ်ကာ ပြောလာ၏။

" မမြင်လိုက်ဘူး...ဘာမှမတွေ့ရဘူး...ကားက လိုင်စင်ပြားတောင် မပါဘူး...ပြီးတော့ ကားက ရုတ်တရက် ဒုန်းစိုင်းမောင်းလာခဲ့တာ...အားလုံး ကျွန်တော့်အပြစ်တွေပါ...ကျွန်တော်က တစ်ယောက်ယောက်ကို စော်ကားလိုက်မိလို့နေမှာ...ကျွန်တော့်ကြောင့်သာ...ဘယ်လိုလုပ်ရမလဲ...တကယ်လို့ သူတို့သာ တစ်ခုခုဖြစ်သွားရင်...ကျွန်တော်...ကျွန်တော်..."

" ပါးစပ်ပိတ်ထား! သူတို့တွေ ဘာမှ ဖြစ်မှာမဟုတ်ဘူး!"

ချွီချန်က အလွန်အေးစက်သောမျက်နှာနဲ့ သူ့စကားကို ကြားဖြတ်ပြောလိုက်သည်။ ထို့နောက် အမြဲခက်ထန်နေတဲ့ နီရဲနေတဲ့မျက်လုံးတွေနဲ့ မျက်နှာကို ပွတ်သပ်လိုက်လေသည်။

အဆင်ပြေမှာ..အဆင်ပြေမှာပါ...
စစ်နျန် အဆင်ပြေသွားမှာပါ...
wowo လည်း အဆင်ပြေမှာပါ...

သူက ကော်ရစ်တာမှာ ရှေ့လျှောက်လိုက်၊ နောက်လျှောက်လိုက်နဲ့ သူ့ကိုယ်သူ တည်ငြိမ်အောင် အတတ်နိုင်ဆုံး ထိန်းချုပ်နေပေမယ့် လုံးဝ မထိန်းချုပ်နိုင်ဖြစ်နေလေသည် ။ သူ့မျက်နှာပေါ်မှာ ဘာအမူအရာမှမပေါ်သော်လည်း သူ့နှလုံးက ရူးနှမ်းတော့မတတ် ခုန်ပေါက်နေလေသည်။

ဒီမနက်ဖုန်းပြောတုန်းက စစ်နျန်က သူ့ကို ဒင်နာအတူစားဖို့တောင် ခေါ်ခဲ့သေး၏။ wowo လေးအတွက်တောင် မုန့်တွေဝယ်ထားပြီလေပြီ။ သူတို့နဲ့တွေ့ရဖို့အတွက်နဲ့ ညနေပိုင်းအစည်းအဝေးကိုတောင် တမင်သက်သက် ရပ်နားခဲ့တာဖြစ်သည်။ ဒါပေမယ့် မျက်စိတစ်မှိတ်အတွင်းမှာပဲ သူဂရုအစိုက်ဆုံးလူနှစ်ယောက်က ဆေးရုံမှာ ရောက်နေခဲ့သည်။

ဘယ်သူလဲ?! သူတို့ကို ဘယ်သူက လုပ်ကြံလိုက်တာလဲ?

ချွီချန် ရုတ်တရက် လက်သီးဆုပ်လိုက်ပြီး နံရံကို ထိုးလိုက်တော့ သူ့လက်ကနေ သွေးတို့ ဖြာကျလာခဲ့သည်။

" ချန်ကော... ဒီလို မလုပ်ပါနဲ့"

အားစီရဲ့မျက်နှာက ဖြူဖျော့နေပြီး ချွီချန်ကို နှစ်သိမ့်ပေးဖို့ ကြိုးစားလိုက်သည်။ ဒါပေမယ့် သူ့ခဗျာ ဘာပြောလို့ပြောရမယ်မှန်း မသိလေဘူး။

တန်ပြန် (MM Translation) ZAWGYIWhere stories live. Discover now