သူမက ကလေးဘဝကတည်းက အလိုလိုက်ခံပြီး ကြီးပြင်းလာတာဖြစ်သည်။ သူတို့ကို အတူထားဖို့ဆိုတာက တွေးရင်းနဲ့ပင် ချွီချန်ကို ရယ်မောစေလေသည်။ ချွီချန်က ရယ်လိုက်ပြီးနောက် မျက်ခုံးပင့်ကာ သူမကို ကြည့်လိုက်သည်။
" ခင်ဗျားသွားနိုင်ပါတယ် မစ်ကျန်း...ကျွန်တော် ခင်ဗျားကို စောင့်နေပါတယ်"
" ခင်ဗျား ရဲစခန်းကို ရောက်ရင်ပြောလိုက်ပေါ့... အဲ့ဒီဘားမှာ တွေ့ဖို့ ခင်ဗျားဘက်ကနေ စချိန်းတဲ့အကြောင်း၊ သူ အသောက်လွန်နေတာ သိသိကြီးနဲ့ ခင်ဗျားကပဲ သူ့ကို ကားမောင်းဖို့ ပြောတဲ့အကြောင်းပေါ့ ..အို့...ဒါနဲ့ ခင်ဗျားက သူ့ရဲ့ သတိုးသမီးလောင်းလျာ ဖြစ်နေတုန်းမလား? အဲ့လိုဆို ပိုတောင် ကောင်းသေးတယ်....စေ့စပ်ထားသူ အမျိုးသမီးက သူ့သတိုးသားလောင်းလျာရဲ့ အန္တရာယ်ရှိတဲ့ အပြုအမူကို တားတောင် မတားဆီးခဲ့ဘူးလေ...အဲ့ဒီအစား သူမက သူနဲ့အတူတောင် လမ်းပေါ် ထွက်သွားသေးတယ်...သေဆုံးတော့မယ့် ဘဝရဲ့ နောက်ဆုံးအခိုက်အတန့်ရောက်လာချိန်မှာတော့ သူမက သတိုးသားလောင်းဖြစ်သူကို အောက်ကို ကန်ချပြီး တစ်ဘဝလုံးသုံးစားမရအောင်လုပ်လိုက်တယ်...သူမက ရဲကို မခေါ်ခဲ့တဲ့အပြင် သူ့ကို ဖမ်းဆီးဖို့တောင် တွန်းအားပေးခဲ့သေးတယ်...သုံးနာရီလောက်တောင်ဗျာ ...ကျွန်တော်ဖြင့် အိပ်ချင်တာ သေမတတ်ပဲဗျ...Show ကတော့ Show ကောင်းပဲဗျ...မြန်မြန်သွားပြီးတော့ တိုင်လိုက်ပါ...ကျွန်တော်ကတော့ ကြည့်နေရုံကလွဲလို့ ဘယ်တတ်နိုင်မလဲ"
" ရှင်...!"
ကျန်းထန် စိတ်ဆိုးတကြီး အော်ဟစ်လိုက်ပြီး ဒေါသတကြီးနဲ့ မျက်ရည်တွေကို ဖိသုတ်လိုက်လေသည်။" အဲ့ဒီလို မဟုတ်ဘူး...သူက ရူးပြီးတော့ ကျွန်မကို ကားထဲ အတင်း ဆွဲခေါ်သွားခဲ့တာ..နောက်ဆုံး ကျွန်မကို သေမင်းဆီကို တောင် ခေါ်သွားချင်ခဲ့တာ...သူက ဂေးတစ်ယောက်ပဲ..အဲ့တာတောင် ကျွန်မကို လက်ထပ်ဖို့အကြောင်းတောင် ပြောခဲ့တာ..ကျွန်မကို သတ်ချင်နေတဲ့ အဲ့ဒီလိုကောင်မျိုးနဲ့ ကျွန်မက ဘယ်လိုလုပ် အတူ သေရမှာလဲ?!"
ချွီချန်က ဒီစကားတွေကို စောင့်နေခဲ့တာ ဖြစ်သည်။ သူ့မျက်လုံးတို့က ကျဉ်းမြောင်းသွားခဲ့ပြီး သူက ဟန်အပြည့်နဲ့ ရယ်မောလိုက်၏ ။
YOU ARE READING
တန်ပြန် (MM Translation) ZAWGYI
RomanceThis story and pictures are not mine !! All credit to original author and owner!! Author - Yingcheshixue Title - Deliverance of the counterattack