CHAPTER 7

159 27 0
                                    


Qu Cheng က အပြုံးလေးနဲ့ သူ့မျက်ခုံးတို့ကို ပင့်လိုက်ပြီး မေးကို မော့လျက် ပြောလာ၏။

" မင်းက ငါ့ကို ထိုးနိုင်မယ်လို့ ထင်တယ်ပေါ့?"

Xu Cinian လက်မောင်းတို့ တောင့်တင်းသွားပြီး သူ့မျက်နှာလည်း အနည်းငယ် ကြည့်ရဆိုးလာသည်။

ရုတ်တရက် သူနောက်လှည့်လိုက်တော့ Qu Cheng ကို တွေ့လိုက်တဲ့အခါက အနည်းငယ် ကြောက်စိတ်ဝင်မိတာကို သူ ဝန်ခံ၏။ တကယ့်ကို သူတို့နှစ်ယောက်ကြားက အင်အား ကွာခြားချက်ကို သူ့အလိုလို သိနေသောကြောင့်ပင်။

သူ့ရှေ့က လူသည် တစ်ကိုယ်လုံး ကြွက်သားတွေ အပြည့် ၊ ထိုသူ၏ကြေးညိုရောင်ရင်ဘတ်မှာလည်း ကြီးကြီးငယ်ငယ် အမာရွတ်တို့က နေရာယူထားလျက် ၊ တောင်ကြီးတစ်တောင်ကဲ့သို့ မြင့်မားခက်ထန်ပြီး လှုပ်ရှားမှုတိုင်းက ပေါက်ကွဲနိုင်တဲ့စွမ်းအားတို့ ပြည့်နှက်နေပြီး..ကြီးမားကျယ်ပြန့်တဲ့ ကြွက်သားတွေနဲ့ ခြေထောက်တွေက မြဲမြံခိုင်ခံ့ပြီး စွမ်းအားတို့ ပြည့်ဝနေသည်။ တစ်ချက်ကြည့်ရုံနဲ့ လျန်ကျားကျိ* ပဲ။

( T/N * walks in the tail, stands on the top of three sides, sits in the perineum and lie in the four empty space...ဒါပဲရှာတွေ့လို့ပါ..တခြားအဓိပ္ပါယ်ရှိရင် လာပြောကြပါ)

တတိယစီရင်စုလိုနေရာမျိုးမှာ လူတစ်ယောက်အတွက် အသက်ရှင်နေထိုင်နိုင်ဖို့ မလွယ်ကူလေဘူး။ ထို့အပြင် Qu Chengက ကလေးကတည်းက ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ သမားရိုးကျ သင်ယူခဲ့ရတဲ့ သူ့ညီငယ်လေးနဲ့ မတူဘူး။ ထိုသူက တကယ့် လူရမ်းကားအစစ်ဖြစ်သည်။ Qu Chengသာ သူ့လက်ကို သုံးမယ်ဆို သူ့ကို သတ်တောင် သတ်ပစ်နိုင်၏။ မဟုတ်ဘူး..သူ(cinian )က ဘယ်လိုလုပ် ထိုသူ့ပြိုင်ဘက် ဖြစ်နိုင်မှာလဲ! ?

ဒါပေမယ့် တခြားတစ်ဖက်မှာလည်း ထိုသူ့အား တကယ်ကို ထိုးနှက်ပစ်ချင်လှသည်။ အဲ့ဒီလူက သူ့ကို ဒီလိုလုပ်ရဲမှတော့ သူကလည်း ပြန်မတိုက်ခိုက်စရာ အကြောင်းမရှိပေ။

" မင်း တကယ်မထိုးနိုင်ရင်လည်း ကြိုးစားကြည့်ပေါ့ "

Xu Cinian နှာမှုတ်လိုက်ပြီး သူ့ကို တိုက်ရိုက်တောင် နူတ်ဆက်မနေတော့ဘဲ သူ့လက်သီးကို လွှဲယမ်းလိုက်ပြီး ပြင်းထန်တဲ့ လေတစ်ချက်က Qu Cheng ရဲ့ပါးကို လာထိခတ်၏။

တန်ပြန် (MM Translation) ZAWGYIWhere stories live. Discover now