CHAPTER 13

169 25 0
                                    

(warning ပေးပါတယ်😑)

" မင်းစိတ်တွေ ပျံ့လွင့်နေပီ"

Qu Cheng က မကျေမနပ်ဖြစ်စွာပဲ Xu Cinian ရဲ့ နှာခေါင်းဖျားလေးကို လှမ်းကိုက်လိုက်သည်။ ထို့နောက် အကြိမ်အနည်းငယ်လောက် သူ့လျှာနဲ့ လျက်လိုက်ပြီး..

" ကိုယ့်ကိုကြည့်!"

Xu Cinian က ဘာတုန့်ပြန်ချက်မှ မပေးဘဲ ခေါင်းသာ ငုံ့နေခဲ့သည်။

" ကိုယ့်ကိုကြည့် !"

Qu Chengက ထိုစကားကို နောက်တစ်ကြိမ် ထပ်ပြောလိုက်ပြီး သူ့လက်မောင်းတွေကြားက Xu Cinian ကို ဖျစ်ညစ်လေသည်။ Xu Cinian ရဲ့ခါးက ဖိအားကြောင့် နာကျင်သွားရပြီး..

" ကောင်းပြီလေ"

Xu Cinian တစ်ယောက် နာကျင်စွာပဲ အော်ပြောလာခဲ့သည်။ ထို့နောက် သူက ခြောက်ခြားဖွယ် အတိတ်ထဲကနေ ရုန်းထွက်နိုင်ခဲ့ပြီး သူ့ရှေ့ကို ကြည့်လိုက်ချိန်မှာတော့ နက်မှောင်တဲ့ မျက်လုံးတစ်စုံနဲ့ ဆုံတွေ့လိုက်ရ၏။

Qu Cheng က သူ့ရဲ့ တည်တင်းအေးစက်တဲ့ မျက်နှာပေါ်မှာ ရှားရှားပါးပါး နူးညံ့မှုလေး ဖြင့် သူ့နူတ်ခမ်းတို့ ဖွင့်ဟလာခဲ့သည်။

" စောနက ကိုယ်ပြောခဲ့တာတွေကို မေ့ပစ်လိုက်ပါတော့။ အခုကစပြီး ကိုယ့်ကိုပဲတွေးပေး။ ဒီညလေးအကြောင်းကိုပဲ သတိရနေပေး။"

သူ့အသံက အဝေးတစ်နေရာ တခြားဂြိုလ်သားဘာသာစကားနဲ့ တူနေလေသည်။ Xu Cinian က သူပြောတာကို ရှင်းရှင်းလင်းလင်း ကြားလိုက်ပါသော်လည်း ထိုစကားတို့ကို အတူတူပေါင်းစည်းလိုက်တဲ့အခါမှာတော့ အဓိပ်ပါယျကို နားမလည်နိုင်တော့ပါ။ သူက ရှုပ်ထွေးမှုကြောင့် ငြိမ်ကျနေခဲ့ပြီး ဘာစကားမှ ပြန်မပြောခဲ့လေဘူး။

" ကြည့်စမ်း! မင်း ဘယ်လောက်တောင် တုံးအလိုက်သလဲ!"

Qu Chengက ရှူသိုးသိုးရယ်လိုက်ပြီး သူ့နူတ်ခမ်းတွေကို ကိုက်လိုက်သည်။ ထို့နောက် ဖြည်းဖြည်းချင်း အဆင့်တက်ကာ ထိုလူသားကို နမ်းရှိုက်တော့၏။ သူ့မျက်လုံးတွေက ရှားရှားပါးပါး အလွန်လေးနက် တည်ကြည်နေခဲ့၏။

" မင်း စကားမပြောချင်ဘူးဆို ဘာကိုမှ မပြောလည်း ရတယ်။ ဒါပေမယ့် အရင်ဆုံး ကိုယ့်မှာတော့ ပြောစရာရှိတယ်။ မင်း အခုချက်ချင်း ခေါင်းခါလိုက်တာနဲ့ (သူ့ကို ငြင်းဆန်လိုက်တာနဲ့) ဒီည ကိုယ်တို့ကြားမှာ ဒီကိစ္စတွေက ဘယ်တုန်းကမှ မဖြစ်ပျက်ခဲ့ဘူး..အိုခေ?။ အခုက စပြီး ကိုယ်ကလည်း ကိုယ့်နေရာကို ပြန်သွားပြီး Qu cheng ဆိုတဲ့သူတစ်ယောက်က မင်းရှေ့ ထပ်ပြီးပေါ်လာတော့မှာ မဟုတ်ဘူး။ ကိုယ်က ကိုယ့်စကား ကိုယ်တည်မယ်။"

တန်ပြန် (MM Translation) ZAWGYIWhere stories live. Discover now