"မြို့တောင်ဘက်ပိုင်းအခြေအနေက ဘယ်လိုလဲ?"
Qu Cheng က ဟောခန်းမကြီးဆီ ဦးတည်နေတဲ့ VIP ဓာတ်လှေကားကို စီးရင်း မပျော်ရွှင်တဲ့ မျက်နှာနဲ့ မေးလာသည်။
အားစီက အကူအညီမဲ့စွာ ပြောလာသည်။
" တခြားဘာဖြစ်ရဦးမှာလဲ? အကိုလုံက gang ကို အကို cheng လက်ထဲ လွှဲလိုက်ကတည်းက Zhang Dawei က မကျေမနပ်ဖြစ်နေခဲ့တာလေ။ အခု အကိုက QingLong ဂိုဏ်းကိုသန့်လိုက်ပြီး အရင်လို လူသတ်တာတွေ၊ဆက်ကြေးတောင်းတာတွေ (ပိုင်နက်ထဲက ဆိုင်တွေလှည့်ပြီး ငွေတောင်းတာ) တစ်ခုမှ မလုပ်တော့ အကို Zhang ရဲ့ အလုပ်ကို လုယူလိုက်သလို ဖြစ်သွားတာပေါ့"
" သူက အဲ့တာကို စိတ်ထဲကနေပဲ မကျေမနပ်ဖြစ်နေပြီး အကို့ကိုလည်း လာမစရဲဘူးလေ။ အဲ့တာကြောင့် သူက လူတွေစုပြီး Chengnan လမ်းဘက် အလိုလို ခြေဦးလှည့်သွားတော့တာပဲ။ ပြောကြတာတော့ သူက ရွက်ဖျင်တဲထိုးရောင်းတဲ့ လမ်းဘေးဈေးသည်တွေဆီကနေ လုယက်ပြီး သူတို့မိသားစုတွေကို တွန်းအားပေးပြီး ဆက်ကြေးအတင်းပေးခိုင်းတယ်တဲ့။ သူတို့က ငွေမပေးဘူးဆို သူက လူတွေကို တိုက်ရိုက်ပဲ ရိုက်နှက်တယ်တဲ့။ သူက တခြားနေရာလည်း သွားစရာမရှိတော့ Chengnan လမ်းမှာ အမြဲ ထကြွတော့တာ။ အဲ့ဒီမှာပဲ ဖက်ထုပ်ရောင်းတဲ့ လူတစ်ယောက်က သူ့ကို ကြောက်ချေးပန်းအောင် ရိုက်ထည့်လိုက်တယ်လေ။ မယုံကြည်စရာကောင်းတာက Zhang Dawei က ဒါဇင်ကျော်လောက်ရှိတဲ့ သူ့ညီအကိုတွေကို ခေါ်လိုက်ပြီး အဲ့လူရဲ့ အိမ်ကို ဝိုင်းထားလိုက်တယ်။ အခုဆို ရဲတွေတောင် သတိထားမိလာကြပြီ။"
ပိုပြီး နားထောင်လေ Qu Cheng ရဲ့ အမူအရာက ပိုပြီး ရုပ်ဆိုးလာလေပင်။ သူက လှောင်လိုက်ပြီး
" သူက တစ်ယောက်ယောက်ကိုတောင် ဖမ်းဆီးရဲနေပြီပေါ့? သောက်ချီး! သူတအားသေချင်နေတယ် လို့ မင်းမထင်ဘူးလား ! "
" အဲ့ဒီလူက အခု ဘယ်မှာလဲ? သူ ဒဏ်ရာ ရသွားသေးလား? "
အားစီက ခေါင်းညိတ်ပြလျက်
" မူလကတော့ Zhang Dawei က အဲ့လူကို ဂိုထောင်ထဲ ဖမ်းခေါ်လာချင်တာ။ ဒါပေမယ့် လမ်းမှာ ကျွတော်လို့လူတွေက တားထားလိုက်တယ်။ အခု လူတိုင်းက အဲ့ကို ရောက်နေပါပြီ။ အကို လာမှာကိုပဲ စောင့်နေကြတာ"
YOU ARE READING
တန်ပြန် (MM Translation) ZAWGYI
RomanceThis story and pictures are not mine !! All credit to original author and owner!! Author - Yingcheshixue Title - Deliverance of the counterattack