ကားနောက်ခန်းထဲက ကျန်းထင်တစ်ယောက် သူမရှေ့က ရုပ်ရှင်ကားထဲကလိုမျိုး မြင်ကွင်းကြောင့် ရှော့ခ်ရသွားလေသည်။ သူမက တုန်ယင်စွာ မေးမြန်လိုက်၏။" ဘာဖြစ်သွားတာလား?"
" ဘာဖြစ်သွားလဲဆိုတာ ငါကတောင် မေးလိုက်ချင်သေးတယ်! အဲ့ဒီလူက မင်းခေါ်လိုက်တဲ့ လူပဲ မဟုတ်ဘူးလား?"
ရှုရှင်းနျန်က ကားစတီယာရင်ကို ရိုက်လိုက်ပြီး ကျန်းထင်ကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်လျက် ဂီယာချိန်းကာ နောက်ပြန်လှည့်လိုက်သည်။
ဒါပေမယ် သူ့တို့နောက်က လိုက်ပါလာတဲ့ လိုင်စင်မပါတဲ့ ကားအနက်လေးက သူ့လုပ်ရပ်ကို ရိပ်မိသွားပုံပေါ်လေသည်။ ထိုကားက သူတို့နဲ့ ဘေးတိုက်ယှဉ်မောင်းလိုက်လာခဲ့သည်။ သူ ကားကို ကွေ့လိုက်သည်ဖြစ်စေ၊ အရှိန်လျော့လိုက်သည်ဖြစ်စေ ကားအနက်လေးက ထပ်ကြပ်မကွာ လိုက်လာခဲ့ပြီး သူတို့လမ်းကြောင်းကို လိုက်လိုက်ပိတ်ကာ သူတို့ကို လမ်းကြောင်းပြောင်းဖို့ ဖိအားပေးလေသည်။
ဖာ့ခ်...အဲ့သောက်ကားက ဘာဖြစ်ချင်နေတာလဲ!
ရှုရှင်းနျန်က ဒေါသထွက်စွာ အံကြိတ်လိုက်ပြီး ညာဘက်သို့အရှိန်နဲ့ ပစ်ကပ်လိုက်ကာ ထိုကားအနက်ကို အနောက်သို့ ချန်ခဲ့လေသည်။
ချွီချန်က ကားထိုင်ခုံကို ထက်အောက်ပြောင်းပြန်လှန်လိုက်ပြီး အရှေ့ဘက်ကိုင်းကာ ကားဒရိုင်ဘာနေရာကို ဝင်ယူလိုက်လျက် လက်တစ်ဖက်နဲ့ ကားစတီယာရင်ကိုင် လှမ်းထိန်းလိုက်သည်။ အားစီက သူ့နောက်ကို လိုက်လာသည်မှာ နှစ်ပေါင်းများစွာကြာပြီမို့ ချွီချန်ရဲ့အကြည့်တစ်ချက်မှာတင် သူဆိုလိုတဲ့အဓိပ္ပာယ်ကို နားလည်လိုက်ပြီး အလိုက်တသိနဲ့ပင် ဘေးဘက်ရှိ ခရီးသည်တင်ထိုင်ခုံသို့ နေရာပြောင်းပေးလေသည်။
အချိန်ခဏလေးအတွင်းမှာပင် နှစ်ယောက်သားက နေရာပြောင်းလိုက်ကြပြီး ကားအရှိန်သည်လည်း ပိုမို မြန်လာခဲ့သည်။ ချွီချန်က ဂီယာချိန်းရင်းနဲ့ပင် အားစီဆီ မေးဆတ်လျက်
" ခါးပတ်ကြိုးကို တင်းတင်းချည်ထား! ပြုတ်မကျစေနဲ့"
ချွီချန်ရဲ့ကားမောင်းစကေးကို မိုးပြာနဂါးဂိုဏ်းမှာပင် ယှဉ်နိုင်သူမရှိပေ။ ပရော်ဖက်ရှင်နယ် ကားမောင်းသမားတောင် သူ့ပြိုင်ဘက်မဟုတ်လေဘူး။ အားစီက ချွီချန်ကားမောင်းတာကို အကြိမ်ပေါင်းများစွာ မြင်ခဲ့ဖူးပေမယ့် အခုလို နီးနီးကပ်ကပ်မြင်ဖူးတာတော့ ပထမဆုံးအကြိမ်ပင်ဖြစ်လေသည်။ ခဏအကြာမှာတော့ သူက ကြောက်လန့်တာတွေ ဘာတွေ မေ့လျော့သွားပြီး သူ့မျက်လုံးတို့က စိတ်လှုပ်ရှားမှုကြောင့် တလက်လက်တောက်ပနေတော့သည်။
YOU ARE READING
တန်ပြန် (MM Translation) ZAWGYI
RomanceThis story and pictures are not mine !! All credit to original author and owner!! Author - Yingcheshixue Title - Deliverance of the counterattack