ဒါပေမယ့် ' စိတ်မကောင်းပါဘူး ..ခင်ဗျားက တအား ထန်လွန်းတယ်...လုံးဝကို ကျွန်တော့ အကြိုက်မဟုတ်ဘူး' အဲ့လိုစကားတွေပြောဖို့ကျတော့လည်း သူ့နူတ်ခမ်းကို လုံးဝ မဖွင့်လိုက်နိုင်ဘူး။
သူ့ရဲ့ဝေဝါးနေတဲ့ မျက်နှာကို မြင်တော့ ချွီချန်က သက်မချလိုက်ပြီး သူ့ကို ထောင့်သို့ရောက်သည်အထိ တွန်းလိုက်လေသည်။
" မင်းက တစ်ချိန်က ဒဏ်ရာရဖူးတာနဲ့ပဲ မင်းအပေါ်ကောင်းပေးတဲ့ လူတိုင်းကို ငြင်းဆန်မလို့လား? စစ်နျန်..ကိုယ့်ကိုကြည့်..ကိုယ်က တုန်ဖန်းမဟုတ်ဘူး...ဘယ်တော့မှလည်း တုန်ဖန်းလိုဖြစ်လာမှာမဟုတ်ဘူး"
ရှုစစ်နျန်ရဲ့မျက်လုံးတို့ ရုတ်တရက် ပြူးကျယ်သွားလေသည်။
" မင်း..."
"...မင်းပြောတာကို ငါ နားမလည်ဘူး"
သူက အလွန်ကြောက်ရွံ့တုန်လှုပ်မှုကြောင့် သူ့ခေါင်းကို မော့လိုက်မိသည်အထိပင်။ ချွီချန်က သူ့ခေါင်းကို ကြမ်းတမ်းစွာ ထိန်းကိုင်ထားပြီး သူ့ကို ကြည့်ဖို့ တွန်းအားပေးလေသည်။
" ရှုစစ်နျန်..အိုး မဟုတ်ဘူး မင်းကို ရှုသခင်လေးလို့ ခေါ်သင့်တာ...မင်း တုန်ဖန်းနဲ့ရှုရှင်းနျန်ကို လှည့်စားနိုင်တာနဲ့ပဲ ကိုယ့်ကို အရူးလုပ်လို့ရနိုင်တယ်လို့ တကယ်ထင်နေတာလား?"
ရှုစစ်နျန်က ကြက်သေသေနေခဲ့ပြီး မယုံကြည်နိုင်မှုကြောင့် နောက်ပြန်ဆုတ်လိုက်မိလေသည်။ ရုတ်တရက်မို့ သူ့ရဲ့ကျောပြင်က ကျောက်ဆောင်ကို အားနဲ့ဝင်ဆောင့်မိလေသည်။
ချွီချန်က ဘယ်လိုလုပ် တိတိကျကျသိနေရတာလဲ? သူဘယ်အတိုင်းအတာအထိ သိနေလဲ? !
" မင်းဘာတွေ ပြောနေတာလဲ ငါမသိဘူး..ချန်မိသားစုရဲ့မြေကွက်ကိုလည်း ငါ ထပ်မလိုချင်တော့ပါဘူး..ငါ့ကို လွှတ်ပေးပါတော့..ငါ အိမ်ပြန်ချင်တယ်"
ရှုစစ်နျန်က လှည်ကာ ထွက်လာခဲ့တော့၏။ သို့သော် ချွီချန်က သူ့လက်မောင်းကို ဆွဲကာ သူ့ရှေ့က ပိတ်လိုက်လေသည်။ ထို့နောက် သူ့နူတ်ခမ်းစွန်းတို့ တွန့်ကွေးကာ ရယ်မောလျက်
" ကိုယ်က လူရမ်းကား၊ မကောင်းတဲ့ကောင် မင်းအပေါ် အခွင့်အရေးယူဖို့ ချောင်းနေတဲ့ကောင်လို့ မင်းပြောခဲ့တယ်...ဒါဆို မင်းကရော ကိုယ့်ကို ဘယ်လောက်များ မှန်တာတွေ ပြောခဲ့ဖူးလို့လဲ? လွန်ခဲ့တဲ့နှစ်နှစ်က မင်း ထောင်ထဲမှာ မူးပြီး တုန်ဖန်းရဲ့နာမည်ကို ထပ်တလဲလဲ ခေါ်ခဲ့တယ်...အခု သူ့ကို လက်စားချေဖို့ မင်းဆုံးဖြတ်ထားပြီလေ..ဘာကြောင့်များ အတိတ်ကို လွှတ်မချနိုင်သေးတာလဲ?"
YOU ARE READING
တန်ပြန် (MM Translation) ZAWGYI
RomanceThis story and pictures are not mine !! All credit to original author and owner!! Author - Yingcheshixue Title - Deliverance of the counterattack