အပိုင်း(၁.၁)

2.3K 248 3
                                    

Unicode

တာ့ဝေတိုင်းပြည် ယုန်းရှန်းမင်းဆက်ခေတ် ၃နှစ်မြောက်၊ နှစ်ကုန်ခါနီးအချိန်...

ချန်းချွမ်းနန်းတော်မှာ.....

နေ့ခင်းလိုမျိုး လင်းနေအောင် အိပ်ခန်းကို တောက်ပတဲ့ဖယောင်းတိုင်မီးတွေ ထွန်းထားတယ်။ ဘယ်ကမှန်းမသိဘူး လေပြေလေးက ဝင်လာခဲ့တယ်။ ပြီးတော့ ဖယောင်းတိုင်မီးက ယိမ်းသွားတယ်။ အဖြူရောင်နံရံတွေပေါ်မှာ အရိပ်မျိုးစုံထင်သွားတယ်။

ဖီးနစ်သလွန်ပေါ်မှာလှဲနေတဲ့ မိဖုရားခေါင်လုက ထိုင်းမှိုင်းနေတယ်။ သူမက ချောင်းအနည်းငယ်ဆိုးလိုက်ကာ ခေါင်းကိုလှည့်လိုက်တော့ ပါးစပ်ကနေ သွေးတွေအန်ထွက်သွားတယ်။

ချီးယွင်လို့ခေါ်တဲ့ အပျိုတော်က လန့်သွားပြီး လက်ကိုင်ပဝါနဲ့ သွေးအမည်းတွေကို သုတ်ပေးလိုက်တယ်။ " မယ်မယ်... "

လုမင်းယွီက သူမနှလုံးထဲက တစ်ခုခုပျို့တက်လာတာကို သည်းခံကာ ချီးယွင်ကို တစ်ချက်နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်တယ်။

ချီးယွင်ရဲ့မျက်ရည်တွေက ပါးပေါ်ကို စီးကျသွားတယ်။ သူမက လက်ကိုင်ပဝါကို သူမဘေးမှာရှိတဲ့ မီးပုံထဲကို အမြန်ပစ်ထည့်လိုက်တယ်။ တစ်ခဏတွင်းမှာပဲ လက်ကိုင်ပဝါကို အားကောင်းတဲ့မီးတောက်တွေက ဝါးမြိုသွားပြီး ပြာအဖြစ် ပြောင်းလဲသွားတယ်။

ဝဝကစ်ကစ်သားလေးက ကုတင်အစွန်းမှာ လှဲနေကာ သူမလက်ကို တင်းကြပ်စွာ ကိုင်ရင်း မျက်ရည်တွေကလဲ သူ့မျက်နှာပေါ်ကနေ စီးကျနေတယ်။ " အမေ အမေ!! အမေ မသေပါနဲ့!! ယန်အာကို ထားမသွားပါနဲ့.... "

" ယန်အာ မယ်တော်လဲ သားကို မခွဲချင်ပါဘူး။ "

မိဖုရားခေါင်လုက သူမသားကို မသိစေချင်ဘူး။ လွန်ခဲ့တဲ့လဝက်လောက်တုန်းက သူက မိဖုရားခေါင်လုအကြိုက်ဆုံး အစာပြေမုန့်ကို ပျော်ရွှင်စွာနဲ့ ယူလာပေးတုန်းက သူမက အဆိပ်ခတ်ခံခဲ့ရတယ် ဆိုတာကိုပေါ့။

အဆိပ်ခတ်ခံလိုက်ရတဲ့သူမက သူမသားကို ကိုယ့်အမေအရင်းကို အဆိပ်ခတ်သတ်တယ်ဆိုတဲ့ နာမည်ဆိုးကြီး ဘယ်တော့မှ ဖြစ်အကျန်ခံမှာ မဟုတ်ဘူး။ နာတာရှည်အဆိပ်ခတ်ခံလိုက်ရပြီးတော့ ငါက အမှန်တရားကို ထုတ်ပြောရမဲ့အစား အဆိပ်ရဲ့နာကျင်မှုကိုပဲ ခံစားလိုက်ပြီး ဖြေးဖြေးချင်းပဲ သေသွားလိုက်တော့မယ်။

ဖီးနစ်ဆံထိုးWhere stories live. Discover now