အပိုင်း(၄) မိသားစု

1K 160 2
                                    

Unicode

သူမလီဟောင့်ကို ရိုက်ပြီးသွားတော့ သူမစိတ်က အများကြီးနေလို့ကောင်းလာခဲ့တယ်။

လုမင်းယွီက အဲ့ဒီ့မှာ ခဏလောက်ရပ်နေပြီး အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်တယ်။ သူမညာဘက်လက်ကောက်ဝတ်ကို တစ်ချက်ယမ်းလိုက်တော့ သူမလက်ထဲက ဓားရှည်က မျက်လုံးပါတဲ့အတိုင်းပဲ လက်နက်စင်ဆီကို ပျံသွားခဲ့တယ်။

" ညီမ၄!! "

" အစ်မ၄!! "

ရင်းနီးနေတဲ့ခြေလှမ်းတွေက ကွင်းထဲကို ပြေးလာခဲ့တယ်။ မကြာခင်မှာပဲ မတူညီတဲ့အရပ်၃ခုရဲ့ပုံရိပ်က သူမအရှေ့မှာ ပေါ်လာခဲ့တယ်။

လုမင်းယွီက အနောက်ကိုလှည့်ကြည့်လိုက်တယ်။ သူမနှာခေါင်းက စပ်နေပြီး မျက်လုံးတွေကလဲ နည်းနည်းပူလာတယ်။

စစ်ပွဲတစ်ခုမှာ စစ်သားတစ်ယောက်ကတော့ တိုက်ခိုက်ရင်း သေမှာပဲ။ သူမအဖေ လုလင်က ကြင်နာတက်ပြီး ရက်ရောတယ်။ ပြီးတော့ သူက တိုက်ပွဲမှာသေခဲ့တဲ့ စစ်သားတွေကို ရက်ရက်ရောရော ပင်စင်ကြေးတွေ ပေးတယ်။ ဆွေမျိုးတွေက ဂရုစိုက်မပေးနိုင်တဲ့သူတွေကို မွေးစားသားတွေ မွေးစားသမီးတွေအဖြစ် သတ်မှတ်ခဲ့တယ်။

အစ်မအကြီးဆုံး လုမင်းဖန်က လုမင်းယွီထက် ၈နှစ်ပိုကြီးတယ်။

လုမင်းဖန်ရဲ့အဖေအရင်းက လုလင်ရဲ့ကိုယ်ပိုင်စစ်သားတစ်ယောက် ဖြစ်တယ်။ ပြီးတော့ လုလင်အတွက် မြားကိုကာပေးရင်း သေသွားခဲ့တာဖြစ်တယ်။ အဲ့ဒီ့နှစ်မှာ လုမင်းယွီက ၃နှစ်သမီးပဲ ရှိသေးတယ်။ လုမင်းဖန်က တည်ငြိမ်ပြီး ဂရုစိုက်တက်တယ်။ သူမအစ်မကြီးက အမေတစ်ယောက်လိုပဲ။ ပြီးတော့ လုမင်းယွီက သူမအစ်မအကြီးဆုံးအတွက် ခံစားချက်က အနက်ရှိုင်းဆုံးပဲ။

လုမင်းဖန်က အသက်၁၈နှစ်မှာ လက်ထပ်ခဲ့တယ်။ သူမယောက္ခထီးက လုလင်အမိန့်အောက်က စစ်သူကြီးတစ်ယောက်ဖြစ်တယ်။ ပြီးတော့ သူမယောက်ျား ကျိန်းကျုံးကလဲ ငယ်ရွယ်တဲ့အရည်အချင်းရှိသူတစ်ယောက်လို့ ပြောလို့ရတယ်။

ဒုတိယ လုဖေးကတော့ လုမင်းယွီထက် ၃နှစ်ပိုကြီးတယ်။ ရှင်းယန်မင်းသေဆုံးပြီးတော့ လုဖေးက ရှင်းယန်စစ်တပ်ကို တာဝန်ယူခဲ့ပြီး အောင်နိုင်မှုတွေအများကြီးကို ယူဆောင်လာနိုင်ခဲ့တယ်။ ပြီးတော့ ကျုံးယုန်းနယ်စားဆိုတဲ့ ဘွဲ့ရရှိခဲ့တယ်။

ဖီးနစ်ဆံထိုးWhere stories live. Discover now