အပိုင်း(၈) အစီအစဥ်ချခြင်း

773 130 1
                                    

Unicode

ဆုကျောက်ရုံက စိတ်ပိုင်းဖြတ်လိုက်ပြီး လီဟောင့်ကို ချိုသာစွာပြောလိုက်တယ်။ " အားဟောင် သားက မိန်းကလေးလုစစ်ကို အမြဲသဘောကျခဲ့တယ်ဆိုတာကို အမေသိတယ်။ စိတ်မပူနဲ့။ အမေ ဒီမျက်နှာကိုခဝါချပြီး သားနဲ့ မိန်းကလေးလုစစ်တို့ရဲ့ မင်္ဂလာပွဲအတွက် သေချာပေါက် တောင်းဆိုပေးမယ်။ "

ခဏလောက်ရပ်လိုက်ပြီး သူမက ဆက်ပြောလိုက်တယ်။ " တစ်ချို့စကားတွေက နားထောင်ရတော့ မကောင်းဘူး။ ဒါပေမဲ့ သားစိတ်ထဲမှာ နားလည်ထားရမယ်နော်။ အမေက နိမ့်ကျတဲ့မျိုးရိုးကလာတာ။ ပြီးတော့ အရှင်မင်းကြီးအရှေ့မှာလဲ ဘာမှအရေးမပါဘူး။ သားမှာက အမေ့ဘက်က အင်အားကြီးတဲ့ မိသားစုမရှိဘူး။ အဲ့တာကြောင့် မျိုးရိုးမြင့်တဲ့မိန်းကလေးတစ်ယောက်ကို သားရဲ့မင်းသမီးအဖြစ် လက်ထပ်မှရမယ်။ အဲ့တာမှ နောင်ကျရင် သားမှာ သားကိုကူညီဖို့ လုပ်ရည်ကိုင်ရည်ရှိတဲ့မိန်းမတစ်ယောက်နဲ့ ယောက္ခမမိသားစုရှိလာမှာ။ "

" ရှင်းယန်းမင်းရဲ့ အမိန့်အောက်မှာ စစ်သား၆သောင်းရှိတယ်။ ပြီးတော့ ရှင်းယန်းစစ်တပ်က သတ္တိရှိပြီး ကြမ်းတမ်းတယ်လို့ နာမည်ကြီးတယ်။ ကွမ်းဖင်နယ်စား စစ်တိုက်ထွက်တာက ရှင်းယန်းမင်းလောက် မကောင်းဘူးတဲ့။ "

" ရှင်းယန်းမင်းမှာ မွေးစားသား မွေးစားသမီးတွေ အများကြီးရှိတယ်။ ဒါပေမဲ့ မိန်းကလေးလုစစ်တစ်ယောက်ထဲပဲ သူ့သွေးသားလေ။ ရှင်းယန်းမင်းက သူ့သမီးကို သူ့အသက်လိုမျိုး ချစ်တာလို့ အမေကြားတယ်။ ပြီးတော့ သူက သူ့သမီးလေး မတရားခံရမှာစိုးလို့ ဘယ်တော့မှ နောက်အိမ်ထောင်မပြုခဲ့တာတဲ့။ "

" သားသာ မိန်းကလေးလုစစ်နဲ့လက်ထပ်လိုက်လို့ရှိရင် ရှင်းယန်းမင်းက သားယောက္ခထီးဖြစ်လာပြီး သေချာပေါက် သားဘက်မှာ နေပေးမှာပဲ။ "

ဆုကျောက်ရုံရဲ့မျက်လုံးတွေက ပိုပြီးတောက်ပလာပြီး သူမစကားကလဲ ပိုပိုမြန်လာခဲ့တယ်။ " ဒီမင်္ဂလာပွဲက သားအတွက် အကျိုးတွေအများကြီးပဲ။ သားလုံးဝ လွဲချော်လို့မရဘူး။ "

ဒီစကားတွေကိုကြားတော့ သူကဘာမှမပြောနိုင်ခဲ့ဘူး။

လီဟောင်က နှုတ်ခမ်းကိုစေ့လိုက်ကာ တိုးတိုးလေးပြောလိုက်တယ်။ " အမေ ကျွန်တော်က ရှောင်ယွီကို ပထမဆုံးတွေ့ကထဲက ချစ်သွားခဲ့တာပါ။ အဲ့အချိန်တုန်းက သူမက ရှင်းယန်းမင်းရဲ့ ချစ်သမီးလေးဆိုတာကို မသိခဲ့ပါဘူး။ "

ဖီးနစ်ဆံထိုးWhere stories live. Discover now