အပိုင်း(၂၈) မင်္ဂလာပွဲ(၂)

357 51 2
                                    

Unicode

မင်းသား၂က ဘုရင်ယုန်းကျားမျက်လုံးထဲက အံ့အားသင့်မှုကို မလွတ်သွားခဲ့ဘူး။

ကြည့်ရတာ လီဟောင်က အဖေ့ကိုအရင်လာတောင်းပြီးသွားပြီနဲ့ တူတယ်။

မင်းသား၂က တည်ငြိမ်စွာနဲ့ တွေးလိုက်ပြီး ပြုံးလိုက်တယ်။ ပြီးတော့ ပြောလိုက်တယ်။ " ခမည်းတော် သားတော်သဘောကျတဲ့သူက ဘယ်သူလဲဆိုတာကို မသိချင်ဘူးလား။ "

ဘုရင်ယုန်းကျားက စိတ်ကိုငြိမ်အောင်လုပ်လိုက်ပြီး ပြုံးကာပြောလိုက်တယ်။ " မင်းမပြောရင်တောင် ငါခန့်မှန်းနိုင်ပါတယ်။ ချောင်ရှန်းမိသားစုမှာ မင်းထက်၁နှစ်ငယ်တဲ့ မြေးမလေးတစ်ယောက်ရှိတာ ငါမှတ်မိတယ်။ သူမက မင်းမယ်တော်ကိုအဖော်လုပ်ပေးဖို့ နန်းတော်ကိုမကြာခဏလာလည်နေတာပဲ။ ငါလဲသူမကို ၃ ၄ ခေါက်လောက် တွေ့ဖူးတယ်။ သူမကချောင်ဝမ်လို့ခေါ် "

" ခမည်းတော် အထင်လွဲနေပါပြီ။ " မင်းသား၂က ဘုရင်ယုန်းကျားကို ရုတ်တရက်ဖြတ်ပြောလိုက်တယ်။ " ကျွန်တော်မှာ ဝမ်းကွဲချောင်ဝမ်အတွက် ဘာသမီးရည်းစားခံစားချက်မှ မရှိပါဘူး။ ဒီတိုင်းဝမ်းကွဲတစ်ယောက်လိုပဲ ခင်ပါတယ်။ ကျွန်တော့်စိတ်ထဲမှာ လေးစားရတဲ့ကောင်မလေးက တစ်ခြားတစ်ယောက်ပါ။ "

ဘုရင်ယုန်းကျားက သူစကားပြောနေတာကို ကြားဖြတ်ပြောခံလိုက်ရတော့ နည်းနည်းစိတ်မကျေနပ်ဖြစ်သွားတယ်။ သူက အဲ့တာကိုသည်းခံပြီး ပုံမန်အပြုံးလေးနဲ့ မေးလိုက်တယ်။ " အို?? မင်းကဘယ်ကောင်မလေးကို သဘောကျတာလဲ။ "

မင်းသား၂က ရိုသေလေးစားစွာနဲ့ ပြန်ဖြေလိုက်တယ်။ " ကျွန်တော်လေးစားရတဲ့ ကောင်မလေးက ရှင်းယန်းမင်းရဲ့သမီး မိန်းကလေးလုစစ်ပါ။ "

ဘုရင်ယုန်းကျား : " . "

ဘုရင်ယုန်းကျားက လန့်သွားတယ်။ သူနားကြားမှားတယ်လို့တောင် ထင်သွားတယ်။ " မင်းဘာပြောလိုက်တယ်။ ထပ်ပြောလိုက်စမ်း!! မင်းသဘောကျတာ ဘယ်မိန်းကလေး?? "

ချောမောတဲ့မင်းသား၂ရဲ့မျက်နှာလေးက ပထမဆုံးအကြိမ်ချစ်မိတဲ့ လူငယ်ကောင်လေးတစ်ယောက်ရဲ့ ရှက်သွေးဖြာမှုကို ပြသလာတယ်။ " ခမည်းတော် သားတော် ရှင်းယန်းနန်းတော်က ၄ယောက်မြောက် သခင်မလေး လုမင်းယွီကို ဇနီးအဖြစ် လက်ထပ်ချင်ပါတယ်။ "

ဖီးနစ်ဆံထိုးWhere stories live. Discover now